အခုချိန်ထိ ချစ်သူမရှိသေးပါဘူးတဲ့။

ဖြိုးမြတ်အောင်ဟာ သူ့ကို အားပေးတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေး ပရိသတ်က ပိုများတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အချစ်ရေးကတော့ Single ပါပဲလို့ ဆိုပါတယ်။

Photo: Phyo Myat Aung

အဆိုတော်ဖြိုးမြတ်အောင်က Myanmar Idol ပြိုင်ပွဲပြီးတဲ့အချိန်မှာ သူ့အတွက် မိန်းကလေးပရိသတ်တွေက ပိုများလာပါတယ်တဲ့။ ဒါကြောင့်လည်း မိန်းကလေးတွေ သဘောကျလောက်မယ့် ဂီတဖန်တီးမှုတွေကိုလည်း ကြိုးစားဆောင်ရွက်နေတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

 ‘’Myanmar Idol ပြိုင်ပြီးတော့မှ မိန်းကလေး ပရိသတ်တွေ ပိုများလာတယ်။ မိန်းကလေး ပရိသတ်တွေဆိုတော့လည်း သီချင်း ကြမ်းကြမ်းတမ်းတမ်းကြီးတွေ သူတို့ မခံစားတတ်ဘူးလေ။ အဲဒီတော့ ကိုယ်ကြိုက်တာလည်း ကိုယ်လုပ်မယ်၊ သူတို့ ကြိုက်တာလေးတွေလည်း ဆိုပေးမယ်။ ဘယ်အရာဖြစ်ဖြစ် အစွန်းရောက်တာတော့ မကောင်းဘူးပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Phyo Myat Aung

ဒါပေမယ့် အချစ်သီချင်းတွေ ဆိုရင်တော့ သူ့အတွက်အခက်အခဲဖြစ်စေတယ်လို့ ဖြိုးမြတ်အောင်က ရင်ဖွင့်ပြောပြလာပါတယ်။ ဒါဟာ ပြိုင်ပွဲပြိုင်နေတဲ့ အချိန်ကတည်းက အခက်အခဲပါ လို့ သူကပြောပါတယ်။

‘’ ချစ်သူမရှိတော့ အချစ်သီချင်းတွေဆိုရတာ တော်တော်ဒုက္ခရောက်တယ်။ ပြိုင်ပွဲမှာကတည်းက တီချယ်ကတောင်ပြောဖူးတယ်။ အချစ်သီချင်းတွေ ဆိုရင် သား နင် မချစ်တတ်ဘူးလား .. ဒီလိုလေးတွေ ဆိုလိုက်ပါ့လားပေါ့။ အဲဒီလိုနေရာတွေဆိုရင် ကျွန်တော် တော်တော်ဒုက္ခရောက်ပြီး တိုင်ပတ်တယ်။ အခုလက်ရှိလည်း ချစ်သူမရှိဘူး၊ ကျွန်တော်တစ်ယောက်တည်းပဲ’’ လို့ ဆိုပါတယ်။

Photo: Phyo Myat Aung

အခုလက်ရှိ ပရိသတ်တွေအတွက် သူကိုယ်တိုင်ခက်ခဲလှတဲ့ အချစ်သီချင်းကို ကြိုးစားပြီး သီဆိုနေတယ်လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။ အချစ်သီချင်းတွေ ဆိုဖို့အတွက် ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရင်း ခံစားချက်ကို ဖွင့်ဟဖြစ်တယ်လို့ ဆိုပါတယ်။

‘’ တစ်ခါတလေကျရင် ကိုယ်လည်း Status တွေ လျှောက်လျှောက်တင်ပြီး Feel ရတာပေါ့နော်။ ချစ်သူ ရှိရှိ၊ မရှိရှိ Feel ပစ်တာ။ ဇာတ်ကားတွေကြည့်ပြီးရင်လည်း မင်းသားနေရာမှာ ကိုယ်လိုပဲတွေးပြီး လျှောက်လွမ်းပစ်တာ အဲဒီလိုပဲ ရတော့တယ်။ ဒီကြားထဲ သူငယ်ချင်းတွေကတောင် စနေသေးတယ် မင်းရည်းစားထားသင့်ပြီပေါ့။ ကိုယ့်ကိုသာ သူတို့ပြောနေတာ သူတို့ကတောင် တစ်ယောက်မှ မရှိသေးပဲနဲ့’’ ဆိုပြီးတော့ ဇွန်လ ၁၁ ရက်နေ့က Myanmar Idol Season 4 မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။


Photo: ZMW

အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကို အသေးစိတ် မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်း ဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။

Share

က္က