သူမကိုယ်တိုင်ကလည်း ပြည်ပမှာနေထိုင်တဲ့ မြန်မာလူမျိုးတစ်ယောက်ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးက ပြည်ပက ပြန်လာတဲ့ မြန်မာလူမျိုးတွေပေါ် နိုင်ငံသားအချင်းချင်း အပြစ်တင်ဝေဖန်ရဖို့ထက် လက်ကမ်းကြိုဆိုသင့်တယ်လို့ ဆိုလာပါတယ်။ 

Photo: Yunn Waddy Lwin Moe



ယွန်းဝတီလွင်မိုးဟာ COVID-19 ရောဂါကြောင့် ပြည်ပက ပြန်လာကြတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

"ကိုယ့်နိုင်ငံသား ဘယ်သူမဆို ကိုယ်နိုင်ငံကို ပြန်လာတာ နွေးထွေးစွာကြိုဆိုရမှာပါ ။သာမာန်အလုပ်သမားတွေ ပြန်လာတာလဲ ကိုယ့်နိုင်ငံသားတွေပဲလေနော် ။သူတို့စည်းကမ်းတကျနေဖို့ကိုတော့အားလုံးကြိုးစား တိုက်တွန်းရမှာပေါ့နော်။ ကလေးတွေအားလုံးလဲ ကိုယ့်မိဘဆီပြန်လာချင်ကြရှာမှာပဲလေ ။ ပြန်မလာနိုင်တဲ့ ကလေးတွေ ရော ပြန်လာကြတဲ့ကလေးတွေရော အားလုံး၊ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ အားလုံးကိုယ်ချင်းစာစိတ်လေးထားပြီး ဒီခက်ခဲတဲ့ ကာလတွေကို ပူးပေါင်းဖြတ်ကျော်နိုင်ကြပါစေ" ဆိုပြီးတော့ ဆုတောင်းစကားဆိုလာပါတယ်။ 

Photo: Yunn Waddy Lwin Moe

လက်ရှိမှာလည်း COVID-19 ရောဂါမဖြစ်အောင် ကာကွယ်ရေးဖို့ ဆေးပစ္စည်းတွေကလည်း အဆမတန်ဈေးကြီးနေတဲ့ အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။ ပြည်ပက ပြန်လာသူတွေကိုလည်း ဆဲရေးတိုင်းထွာခြင်း မပြုစေချင်ဘူးလို့လည်း သူက ဆိုပါတယ်။ 

" သူများတွေ နိုင်ငံအတွက် ဘာတွေကူညီနိုင်မလဲ စဉ်းစားပြီး ကူညီနေကြ ။ ပြင်ဆင်နေကြချိန်၊ volunteer အတွက်စာရင်းပေးထားကြချိန်။ စည်းကမ်းတွေ အတိအကျ လိုက်နာနေကြချိန်မှာ ။ဟိုလူတွေပြန်လာလို့ ၊ ဒီလူတွေကြောင့်၊ အပြစ်ထိုင်ပြော ၊ Facebook ကနေ ဆဲဆိုအကုသိုလ် များနေတဲ့သူတွေ ကိုယ့် Friend ထဲမှာတွေ့တယ်။ ဈေးတွေမတန်တဆတင်ရောင်းနေတဲ့ online shop တွေတွေ့တယ်" ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ နေ့လည် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Yunn Waddy Lwin Moe

ယွန်းဝတီလွင်မိုးကိုယ်တိုင်ကလည်း လက်ရှိမှာ သြစတေးလျနိုင်ငံ မဲဘုန်းမြို့မှာ နေထိုင်တာ ဖြစ်ပါတယ်။ သူမဟာမိသားစု ဝင်တွေနဲ့ ခွဲနေရတာဖြစ်တဲ့အတွက် ကိုယ်ချင်းစာမိတဲ့ စိတ်နဲ့ အခုလို ရေးသားထားတာကို တွေ့ရပါတယ်။ သူမဟာ မဲဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူနဲ့အတူ ကျောင်းတက်ရင်း အလုပ်လုပ်နေတာလို့လည်း သိရပါတယ်။ ယွန်းဝတီလွင်မိုးကိုတော့ ပရိတ်သတ်တွေက ကလေးသရုပ်ဆောင်တစ်ယောက်လည်းဖြစ်၊ အကယ်ဒမီ လွင်မိုးရဲ့ သမီးအဖြစ် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ 

Photo: YEMIMLY

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၃) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က