ရန်ကုန်တိုင်းဒေသကြီးအစိုးရက သက်ဆိုင်ရာမြို့နယ်တွေမှာ Quarantine ထားဖို့ နေရာတွေ ပြင်ဆင်ထားဖို့ လမ်းညွှန်လာတာကြောင့် မြို့နယ်အလိုက် စာသင်ကျောင်းတွေအပါအဝင် အဆင်ပြေနိုင်တဲ့ နေရာတွေမှာ Quarantine ထားဖို့နေရာတွေကိုပြင်ဆင်နေပါပြီ။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်ပကပြန်လာတဲ့ သူတွေကို (၁၄)ကြာ Quarantine ထားဖို့ ပြင်ဆင်ထားတဲ့ နေရာတွေမှာလည်း အားလုံးနီးပါးပြည့်နေပြီဖြစ်တယ်လို့ သက်ဆိုင်ရာ မြို့နယ်အလိုက် Quarantine ထားဖို့ နေရာတွေကို သတ်မှတ်ဖို့ တိုင်းအစိုးရက လမ်းညွှန်ထားခဲ့တယ်လို့ သိရပါတယ်။
ပြည်ပက ပြန်လာတဲ့ သူတွေကို (၁၄)ကြာအသွားအလာ ကန့်သတ်စောင့်ကြည့်ဖို့အတွက် ကြည့်မြင်တိုင်မြို့နယ်မှာ စာသင်ကျောင်းတွေကို Quarantine နေရာအဖြစ် ပြင်ဆင်ထားတယ်လို့ ကြည့်မြင်တိုင်မြို့နယ် သရက်တော (တောင်) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် Duwun ကိုပြောပါတယ်။
" ကြည့်မြင်တိုင်မှာ လက်ရိ အ.ထ.က (၁)ကျောင်းကို Quarantine နရာအဖြစ်သတ်မှတ်ထားပါတယ်။ လက်ရှိအချိန်ထိ Quarantine လုပ်ထားသူ (၉၁)ဦးရှိပါတယ်။ ကျန်နေရာတွေဖြစ်တဲ့ အ.ထ.က (၂)၊ (၄)၊ (၅)တွေကိုလည်းပြင်ဆင်ထားပါတယ်။ ဒါနဲ့မလောက်လို့ လိုအပ်လာရင် အလယ်တန်း၊ မူလတန်းကျောင်းတွေကိုပါ ပြင်ဆင်မှာပါ” လို့ ဦးကျော်မြင့် ပြောပါတယ်။
ကမာရွတ်မြို့နယ်အတွင်းမှာလည်း လက်ရှိမှာတော့ အ.မ.က ကျောင်းတစ်ကျောင်းမှာ ပြင်ဆင်ထားပြီး Quarantine လုပ်ထားသူ (၄)ဦးရှိကာ နေရာ လိုအပ်ချက်ရှိလာရင် စီးပွားရေးတက္ကသိုလ်က အဆောင်သစ်တွေမှာ ထပ်မံပြင်ဆင်သွားမယ်လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ှုနဲ့ပဲ လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် Quarantine ထားဖို့နေရာတွေပြင်ဆင်ထားတယ်လို့ သိရပါတယ်။