မွေးနေ့ မတိုင်ခင် အလှူအတန်းတွေလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။

မိုးဟေကိုကတော့ ဒီနေ့ဇွန်လ(၂၆) ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

Photo: Moe Hay Ko



ဒီနေ့ ဇွန်လ(၂၆) ရက်ကတော့ ပြည်သူ့အချစ်တော် မင်းသမီးချောလေး မိုးဟေကိုရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ မိဘနှစ်ပါးရဲ့ ဆုတောင်းမေတ္တာတွေ၊ ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်းတွေနဲ့ ပြည့်စုံစေခဲ့ပြီလို့ မိုးဟေကိုက ပြောပါတယ်။

" မေတ္တာဆိုတာ အမြဲရောင်ပြန်ဟပ်လေ့ရှိသတဲ့။ မိုးမွေးနေ့မှာ မိုးချစ်ရတဲ့Fan တစ်ဦး၊ တစ်ယောက်စီက ပေးတဲ့ဆုတောင်းမေတ္တာတွေကို မိုးရရှိသလို၊ မိုးဘဝရဲ့ ပဲ့ကိုင်ရှင်မိဘနှစ်ပါးရဲ့ ဆုတောင်းမေတ္တာတွေကိုပါ ရရှိခဲ့တဲ့ မိုးအတွက်တော့ အရမ်းကိုပြီးပြည့်စုံတဲ့ မွေးနေ့ရက်မြတ်လေးပါ" ဆိုပြီးတော့ ဇွန်လ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကို ဟာ မွေးနေ့ရက်မတိုင်ခင် အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဇွန်လ (၂၃) ရက်နေ့တုန်းက Covid ကာလမှာ စားဝတ်နေရေး အခက်အခဲရင်ဆိုင်နေရတဲ့ အနုပညာလောကသားတွေအတွက် ရုပ်ရှင်အစည်းအရုံးကနေတဆင့် ငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေးမကောင်း၊ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေကိုလည်း ငွေကျပ် (၃) သိန်းစီ အိမ်တိုင်ရာရောက် လိုက်လံ လှူဒါန်းခဲ့တယ်လို့ သူကဆိုပါတယ်။ 

"မိုးဘက်ကလည်း မိုးတတ်စွမ်းတဲ့အင်အားနဲ့ တစ်ခတ်တခါက အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင်အမေတချို့နဲ့ အသက်အရွယ်ကြီးမှ နာမကျန်းဖြစ်နေတဲ့သားသမီးကိုပင်ပန်းစွာရှာဖွေကျွေးမွေးနေရတဲ့ အမေဒေါ်အမာကြည်အတွက် မေတ္တာတရားရှေ့ထားပြီး လှူဒါန်းခဲ့တဲ့ဒါန အကျိုးကို မိုးအပေါ်မေတ္တာထားကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်း မိုးနဲ့ထပ်တူ ကြည်နူးပီတိမှုအပေါင်းနဲ့ ပို့သတဲ့မေတ္တာတွေရရှိကြပါစေ ဆန္ဒပြုလျက်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က