''နင့်ရဲ့'' ဆိုပြီးတော့ သီချင်းနာမည်လေးပေးထားပါတယ်။

ဆိုဖီယာရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ ‘’နင့်ရဲ့’’ ဆိုတဲ့ MTV လေးဟာ ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တဲ့ ၅ နာရီအတွင်း အားပေးသူ ၁ သိန်းကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီ သီချင်းလေးဟာ အသည်းကွဲ သီချင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

Photo: ဆိုဖီယာ



ဆိုဖီယာက သူမရဲ့ သီချင်းအသစ်လေး တစ်ပုဒ်ဖြစ်တဲ့ ‘’နင့်ရဲ့’’ ဆိုတဲ့ သီချင်းလေးကို ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေတဆင့် မိတ်ဆက်ပေးလိုက်တာပါ။ ဒီ MTV လေးကို မိတ်ဆက်ပေးလိုက်တဲ့ ၅ နာရီအတွင်းမှာ ကြည့်ရှုအားပေးသူ ၁ သိန်းကျော် ရှိခဲ့တယ်လို့ ဆိုဖီယာကပြောပါတယ်။

‘’၅ နာရီအတွင်းမှာ 100K ကျော်သွားခဲ့ပါတယ်။ ပရိသတ်တွေ၊ ချစ်ရတဲ့ သူငယ်ချင်းတွေ Like နဲ့ Share လုပ်ပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ MTV ဖြစ်မြောက်အောင် ဝိုင်းဝန်း ကူညီပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း အကောင်းဆုံးဖြစ်အောင် ထပ်ပြီးတော့ ကြိုးစားပါဦးမယ်’’ လို့ ဇွန်လ ၆ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။



Photo: ဆိုဖီယာ

အခုဆိုရင်တော့ ‘’နင့်ရဲ့’’ MTV လေးဟာ ၁၆ နာရီအတွင်းမှာ ၁၅၉၆၉၂ ကြည့်ရှုအားပေးသူ ရှိခဲ့ပြီဖြစ်ပါတယ်။ သီချင်းပုံစံလေးကတော့ အသည်းကွဲ သီချင်းလေး တစ်ပုဒ်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ပေမယ့် အကြောင်းတစ်စုံတစ်ရာကြောင့် ချစ်သူကောင်လေးက ထားခဲ့လို့ ကျန်နေခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ဖွင့်ထားတဲ့ သီချင်းဆိုရင်လည်း မမှားပါဘူး။


Photo: ဆိုဖီယာ

ဆိုဖီယာကလည်း လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ဦးပါ။ သူမ နောက်ဆုံးထွက်ရှိထားတဲ့ ‘’Medusa’’ သီချင်းကလည်း အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ ဆိုဖီယာကိုတော့


Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့ အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က