သူပါဝင်တဲ့ ဇာတ်ကားတွေပဲ ရုံတင်ပြသနေတာဖြစ်ပါတယ်။

နေတိုးက လက်ရှိရုံတင်ပြသနေတဲ့ မဟူရာဇာတ်ကားနဲ့ ပြုံးရွှင်ရေ ပျော်ရဲ့လား ဇာတ်ကားနှစ်ကားလုံးကို ပရိသတ်တွေ အားပေးကြတာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo: Nay Toe Page



နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ‘’မဟူရာ ရုပ်ရှင်ရုံ’’ ဇာတ်ကားနဲ့ ‘’ပြုံးရွှင်ရေ ပျော်ရဲ့လား’’ ရုပ်ရှင်ဇာတ်ကား နှစ်ကား စလုံးက လက်ရှိမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။ ဇာတ်ကား နှစ်ကားစလုံးကလည်း ပရိသတ်အားပေးမှု ရရှိနေတဲ့အပေါ် နေတိုးက သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြထားပါတယ်။

‘’ကျွန်တော်ချစ်သော ကျွန်တော့်ကိုချစ်ကြသောပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ။ ရုံတင်ပြသနေသောရုပ်ရှင်နှစ်ကားလုံးကိုအခုလိုအရွယ်စုံခလေး လူကြီး ကိုကို မမ ညီလေး ညီမလေး ဖိုးဖိုး ဖွားဖွားများပါမကျန်အားပေးနေကြတာမြင်ရတွေ့ရတော့အရမ်းပဲဝမ်းသာပီတိဖြစ်မိပါတယ်ခင်ဗျာ’’ဆိုပြီးတော့ ဧပြီလ ၂၇ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Nay Toe Page

နေတိုးဟာ ကျရာ ဇာတ်ရုပ်တိုင်းကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေ၊ သူက ချစ်တဲ့ ပရိသတ်တွေအတွက် အမြဲတမ်း ကြိုးစားနေဦးမယ်လို့လည်း သူက ပြောပါတယ်။


‘’တကယ်ဆိုရင် သရုပ်ဆောင်တွေရဲ့ အသက်ကဇာတ်ရုပ်ပါ။ ဇာတ်ရုပ်တွေရဲ့အသက်ကတော့ပရိသတ်ပါပဲ။ ဒီဇာတ်ရုပ်တွေဟာ ပရိသတ်ရင်ထဲရှင်သန်နေမယ်ဆိုရင်တွေ ပရိသတ်တွေရဲ့အသက်က ဘာဖြစ်နေမလဲ ကျွန်တော်သိချင်နေမိပါတယ်။ နေတိုး အများကြီး ကြိုးစားပါဦးမည်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါသေးတယ်။


Photo: Nay Toe Page

နေတိုးဟာ ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

အခုဆိုရင်တော့ နေတိုးရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၂၀ရှိလို့နေပါပြီ။ ဒီအတောအတွင်းမှာလည်း သူဟာ သရုပ်ဆောင် အလုပ်ကိုလည်း တစ်စိုက်မတ်မတ်ဆောင်ရွက်သူဖြစ်သလို ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းတွေ သီဆိုရေးဖွဲ့ ခဲ့သူပါ။သူ သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့်အောင်မြင်မှုတစ်ခုကို ထပ်မံရရှိခဲ့ပြန်ပါသေးတယ်။

Photo: Nay Toe Page

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က