ဂီတအလုပ်တွေ အရင်ကထက်ပိုလုပ်လာတာ တွေ့ရပါတယ်။

ကောင်းကောင်းဟာ အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်ပေမယ့်လည်း ဘဝမမေ့တဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ လက်ရှိမှာလည်း ဂီတအလုပ်တွေကို အရင်ကထက် ပိုလုပ်လာတာတွေ့ရပါတယ်။

Photo: ကောင်းကောင်း Fb

အဆိုတော် ကောင်းကောင်းဟာ လက်ရှိ ဂီတလောကမှာ အောင်မြင်မှုရရှိနေတဲ့ အဆိုတော်တွေထဲက တစ်ယောက်ဖြစ်ပါတယ်. သူ့အနေနဲ့ အဆိုတော်မဖြစ်ခင်က ဘဝကို မမေ့တဲ့အကြောင်း ပွင့်ပွင့် လင်းလင်းပြောပြလာပါတယ်။

‘’ဘဝမမေ့တတ်အောင်သင်ပေးတဲ့ ဘုရားသခင်ကိုကျေးဇူးတင်တယ်။ စိတ်နှိမ့်ချတတ်အောင်သင်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဘုရားပေးထားသော အသံလေးနဲ့ ရောက်တဲ့နေရာတိုင်းမှာ ချီးမွမ်းခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ဒီနေ့အထိ ချစ်ခင်ပေးကြတဲ့ပရိသတ်အပေါင်းကိုလဲ ကျေးဇူးတင်တယ်။ God bless u all’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo:ကောင်းကောင်း Fb

အဆိုတော်ကောင်းကောင်းရေးတဲ့ သီချင်းတိုင်း၊ သူကိုယ်တိုင်သီဆိုတဲ့ သီချင်းတိုင်းက ပရိသတ်အကြိုက်နဲ့ ထပ်တူကျပါတယ်။ ကိုယ်တိုင်ရေး သီချင်းတွေအပေါ် ထားတဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

'' ကိုယ်တိုင်ရေးသီချင်းတွေကို ကိုယ့်မွေးထုတ်ထားတဲ့ ကလေးတစ်ယောက်လိုပဲ သဘောထားပါတယ်။ ဒါပေပမယ့် အမြဲတမ်း ဒီ့ထက်ကောင်း အောင်ကြိုးစားတတ်တာကတော့ ကျွန်တော့် အကျင့်ပေါ့။ နောက်ထပ်ရေးတဲ့ သီချင်းတွေဆိုရင်လည်း ဒီ့ထက်ကောင်းအောင် ပိုကြိုးစား သွားမှာပါ'' လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: ကောင်းကောင်း Fb

ကောင်းကောင်းရဲ့ တစ်ကိုယ်တော်တေးစီးရီးအသစ် မကြာခင်ထွက်ရှိတော့မယ်လို့ သိရပါတယ်။ ဒီသီချင်းအခွေထဲမှာလည်း အရင်တုန်းက ပုံစံတွေနဲ့မတူတဲ့ သီချင်းတွေကို ပရိသတ်တွေ နားထောင်ရတော့မယ်လို့လည်း ပြောခဲ့ဖူးပါတယ်။

''နောက်ပိုင်း ပုံဖော်တဲ့ သီချင်းလေးတွေကျတော့ တစ်မျိုးဖြစ်သွားတယ်။ အခုခေတ်လူငယ်ကြိုက်တဲ့ ပုံစံနဲ့ အရင်တုန်းက ကျွန်တော်ကြိုက်တဲ့ ပုံစံကို Remix ပြန်လုပ်ထားတယ်။ ကျွန်တော့်အခွေတော်တော်များများမှာ အဲ့ဒီလို ပုံစံလေးတွေ ပါလာတာတွေ့ရလိမ့်မယ်။ မကြာခင်မှာလည်း ကျွန်တော့်အခွေ ထွက်တော့မှာပါ'' လို့ သူကဆိုပါတယ်။

Photo: ကောင်းကောင်း Fb

တေးရေး၊ တေးဆို ကောင်းကောင်းရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ ‘’ပျော်နေပါ’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြား ရေပန်းစားလို့နေပါတယ်။ ကောင်းကောင်းဟာ ဂီတအလုပ်တွေကို အရင်ကထက်ပိုပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က