အနုပညာအပေါင်းအသင်းတွေတောင် အံ့သြသွားခဲ့ရတယ်တဲ့။

သရုပ်ဆောင် အလင်းရောင်နဲ့ သရုပ်ဆောင် မေ တို့ရဲ့ ဓာတ်ပုံတစ်ပုံကြောင့် ပရိသတ်တွေရော၊ သူငယ်ချင်းအပေါင်းအသင်း တွေ ကြားမှာပါ အံ့သြစေခဲ့ရပါတယ်။ နှစ်ယောက်စလုံးကတော့ ပရိသတ်အားပေးမှု ရရှိထားကြသူတွေပါ။


Photo: A Lin Yaung Facebook

 

သရုပ်ဆောင် အလင်းရောင်နဲ့ သရုပ်ဆောင် မေတို့ နှစ်ယောက်ဟာ စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြု လုပ်ခဲ့တဲ့ Chang Carnival presents Waterzonic 2018 ပွဲကို သွားရောက်ပျော်ခဲ့ကြတယ်လို့ သိရပါတယ်။ နှစ်ယောက်အတူ ရိုက်ထားတဲ့ ဓာတ်ပုံကြောင့်လည်း ပရိသတ်တွေရော၊ အနုပညာမောင်နှမတွေကပါ အံ့သြခဲ့ကြရပါတယ်။

'' ကဲ နောက်ဆုံးတော့ သူရောက်လာရပါပြီ'' ဆိုပြီးတော့ သရုပ်ဆောင် မေ ကို ဖက်ထားပြီး နှစ်ယောက်အတူ ပျော်မြူးနေကြတဲ့ ဓာတ်ပုံ လေးကို စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၄ နာရီခန့်က အလင်းရောင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံရဲ့ အောက်မှာလည်း ပရိသတ်တွေရော၊ အနုပညာရှင်တွေကပါ အမျိုးမျိုး Comment ပေးနေကြတာကို တွေ့ရပါတယ်။

Photo: A Lin Yaung Facebook

အလင်းရောင်နဲ့ မေ တို့ နှစ်ဦးဟာ လက်ရှိမှာတော့ ပရိသတ်အားပေးမှု များစွာရရှိထားတဲ့ အနုပညာရှင် နှစ်ဦးဖြစ်ပါတယ်။ အလင်းရောင်ဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်သွား ဖို့ ရှိသေးတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Candy MayFacebook

မှတ်မှတ်ရရ တံတွေးထွေးခံလိုက်ရတဲ့ အလင်းရောင်ရဲ့ ခံစားချက်  

သရုပ်ဆောင်မေ ကတော့ လက်ရှိရုံတင်ပြသနေတဲ့ ချူဆီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ထားတာဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ မေ ဟာ Marry ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိပြီးခဲ့သလို အလင်းရောင်ကလည်း Oh..My Crush ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိပြီးခဲ့ပါပြီ။

Photo: A Lin Yaung Facebook

 

သရုပ်ဆောင် အလင်းရောင်ကိုရော၊ သရုပ်ဆောင် မေ ကိုပါ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြ တာဖြစ် ပါတယ်။ အဲ့ဒီနောက် အနုပညာသက်တမ်း ကြာလာတာနဲ့ အမျှ နှစ်ယောက်စလုံးရဲ့ အနုပညာအရည်အသွေးတွေကို ပရိသတ်တွေလက်ခံလာ ကြတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က