လွန်ခဲ့တဲ့ ၁၀ နှစ်က ဓာတ်ပုံတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က လွန်ခဲ့တဲ့ ၁၀ နှစ်က အမှတ်တရ ဓာတ်ပုံတွေကိုတင်ရင်း သူ့ရဲ့ ပရိသတ်အားလုံးကို challenge ခေါ်လိုက်ပါတယ်။ လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ဂီတလောကမှာ ရပ်တည်လျှက်ရှိပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်



စိုင်းစိုင်းခမ်းလှိုင်က လွန်ခဲ့တဲ့ ၁၀ နှစ်က သူ့ရဲ့ ပရိသတ်တွေနဲ့ဆုံစည်းခဲ့တဲ့ အမှတ်တရ ပုံရိပ်တချို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပရိသတ် အားလုံးကိုလည်း challenge လုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

‘’10 years challenging တွေ သဘောကျလို့ ကျွန်တော်တို့ ကိုယ်ပိုင် challenge လုပ်ချင်ပါတယ်။ Team SAI တွေ SAISAI ARMY တွေမှာ ပရိသတ်တွေနဲ့ ကျွန်တော်နဲ့ ဒီလိုမျိုး ၁၀ နှစ်စာ အမှတ်တရရှိပါသလား။ ပရိသတ်အားလုံးကို Challenge ခေါ်ပါတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ် ၈ သန်း ကျော်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက်လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။


စိုင်းစိုင်းရဲ့ Instagram မှာတော့ အားပေး သူ ပရိသတ်ပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတာကို တွေ့ ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာလည်း အနုပညာလှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။

စိုင်းစိုင်းဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က