ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပြုလုပ်မှာပါ။

အဆိုတော် မို့မို့ရဲ့ ‘’ Simply Acoustic ‘’ ဆိုတဲ့ တစ်ကိုယ်တော်အခွေက ဇန်နဝါရီလ ၁၉ ရက်နေ့ဆိုရင် ထွက်ရှိပြီဖြစ်ပါတယ်။ အခွေထွက်ရှိခြင်းနဲ့အတူ တစ်ကိုယ်တော် mini concert လေးလည်း ကျင်းပသွားဦးမယ်လို့ သိရပါတယ်။

Photo: မို့မို့ Fb

အဆိုတော် မို့မို့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’Simply Acoustic ‘’ အခွေအသစ်လေးက ကြာခင် ထွက်ရှိတော့မှာဖြစ်ပြီး အခွေမထွက်ခင်မှာပဲ အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ အခွေမှာယူထား တဲ့ အရေအတွက်က ၅ ရက်အတွင်းမှာ ၂၀၀ ပြည့်သွားပြီလို့ သိရပါတယ်။

‘’Audio CD အတွက် Pre Order ကို FB မှာ ပရိုမိုးရှင်းလုပ်ပြီး ၅ရက် အတွင်း အခွေအော်ဒါ ၂၀၀ ပြည့်အောင် အားပေးခဲ့ကြတဲ့ မို့မို့ရဲ့ သီချင်းလေးတွေကို ချစ်တဲ့ မို့မို့ပရိသတ်များကို အထူးကျေးဇူးတင်ရှိပါတယ်’’ ဆိုပြီးတော့ OASIS Studio - Legend Reborn Page  မှာ ရေးသားထား တာတွေ့ရပါတယ်။

Photo: မို့မို့ Fb

 ‘’ Simply Acoustic ‘’ အခွေကို အော်ဒါမှာယူထားတဲ့ ပရိသတ်တွေဟာ မကြာခင်ကျင်းပပြုလုပ်မယ့် အဆိုတော်မို့မို့ရဲ့ တစ်ကိုယ်တော် Mini Concert ပွဲကို တက်ရောက်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

‘’ခွေအော်ဒါ ၂၀၀ အစောကြီး ပြည့်သွားပေမဲ့ Pre Order ခွေလေးတွေကို မို့မို့ကိုယ်တိုင်လက်မှတ်ထိုးပြီး ထုတ်ပေးမဲ့ mini concert လေးကိုလာဖို့ အဆင်မပြေတဲ့ နယ် ပရိသတ်တွေ၊ မအားတဲ့ ပရိသတ်တွေ ရှိနေတာကြောင့် ပွဲအတွက် လူဆန့်နေသေး လို့ အခု pre order တင်ပြီး mini concert လေးကို လာ၊ pre order လုပ်ထားတဲ့ Audio CD လေး ထုတ်၊ အင်းလျားကန်ရိပ်လေးခိုရင်း မို့မို့နဲ့ ဓါတ်ပုံရိုက်၊ မို့မို့လက်မှတ်လေး အမှတ်တရယူဖို့အတွက် အချိန်မှီသေးပါကြောင်း’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြထားပါတယ်။

Photo: မို့မို့ Fb

မို့မို့ရဲ့  ‘’ Simply Acoustic ‘’ Live Mini Concert ပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီကနေ ၆ နာရီ အထိ စိမ်းလမ်းစိုပြေမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ လူဦးရေလည်း အကန့်အသတ်ရှိ ပါသေး တယ်တဲ့။ မို့မို့ဟာ ‘’ Simply Acoustic ‘’ အခွေထဲမှာတော့ ပရိသတ်အကြိုက် သီချင်းလေးတွေကို ထည့်သွင်းထားတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။

Photo: မို့မို့ Fb

အဆိုတော်မို့မို့ဟာ လက်ရှိမှာ ဂီတအလုပ်တွေနဲ့ ဝေးကွာခဲ့တာ ဆယ်စုနှစ် တစ်နှစ်ရှိပြီဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်ထက် မိသားစု ကိစ္စတွေကိုလည်း ဆောင်ရွက်နေရတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ပါ။ သူချစ်ရတဲ့ ခင်ပွန်းနဲ့ အတူ သားလေး နှစ်ယောက်နဲ့ မြန်မာနိုင်ငံအတွင်းမှာပဲ နေထိုင်တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က