Apple ဟာ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် ပိတ်ထားတဲ့ တရုတ်နိုင်ငံအတွင်းက Apple Store တွေရဲ့ ထက်ဝက်ကျော် ပြန်ဖွင့်လိုက်ပြီလို့ ဆိုပါတယ်။
ဒီတစ်ပတ် တနင်္လာနေ့အထိ တရုတ်နိုင်ငံအတွင်းမှာ ရှိတဲ့ Apple Stores ပေါင်း ၄၂ ဆိုင်ထဲက ၂၉ ဆိုင်ကို ပြန်ဖွင့်ထားပြီ ဖြစ်တယ်လို့ Bloomberg သတင်းက ဖော်ပြထားပါတယ်။ နေရာဒေသပေါ် လိုက်ပြီး ဖွင့်ထားတဲ့ ဆိုင်အများစုဟာ ပုံမှန် တစ်နေ့ ၁၂ နာရီကနေ ၈ နာရီအောက်အထိ အချိန်လျှော့ပြီး ဖွင့်လှစ်ရောင်းချနေတယ်လို့ ဆိုပါတယ်။
Photo: thejakartapost
ကျန်တဲ့ ဆိုင်တွေကို ဘယ်အချိန် ဖွင့်လှစ်သွားမလဲဆိုတာကိုတော့ ကုမ္ပဏီဘက်က မပြောကြားသေးပါဘူး။ လက်လီစတိုးဆိုင်တွေရဲ့ Apple ဝက်ဘ်ဆိုက်တစ်ချို့မှာတော့ ဒီတစ်ပတ်အကုန်က စတင်ပြီး ပုံမှန်အတိုင်း ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ရက်နေ့ple ဟာ တရုတ်နိုင်ငံအတွင်း Apple Store ဆိုင်များ ၊ ရုံးနဲ့ စင်တာတွေကို ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ပိတ်သွားမယဘ့် အကြောင်း ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့မှာတော့ အနည်းဆုံး ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ခေတ္တပိတ်ထားမယ်လို့ သတင်းထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ပိတ်ထားတဲ့ လက်လီစတိုးဆိုင်တွေကို ပြန်ဖွင့်မယ့် ကိစ္စကို ပြီးခဲ့တဲ့ တစ်ပတ်ကပဲ Apple CEO တင်မ်ကွတ်က ဝန်ထမ်းတွေကို ပြောကြားခဲ့ပြီး မျှော်မှန်းထားတာထက် ပုံမှန်ရောင်းအား ရောက်ဖို့ နှေးကွေးနေဦးမယ်လို့ အကြောင်းကြားခဲ့ပါတယ်။
တရုတ်နိုင်ငံကနေ စတင်ကူးစက်ပြန့်ပွားသွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Apple ဟာ ဇန်နဝါရီလထဲမှာ တရုတ်နိုင်ငံအတွင်း iPhone ရောင်းအားကျဆင်းမှုနဲ့ ကြုံခဲ့ပြီး အရင်လကထက် ၂၈% ကျဆင်းခဲ့တယ်လို့ UBS ဈေးကွက်သုတေသနကုမ္ပဏီက ဆိုပါတယ်။ ဖေဖော်ဝါရီထဲမှာလည်း ဗိုင်းရပ်စ်ကြောင့် ပစ္စည်းအဝင်နဲ့ ရောင်းအား ပိုကျဖို့ ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။