သြဂုတ်လအတွင်းမှာ အွန်လိုင်းပေါ်ကနေ မိတ်ဆက်ပေးတော့မှာပါ။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေပေမယ့်လည်း ပရိသတ်နဲ့ လှမ်းဝေးနေတဲ့ ဂျင်းနီက သြဂုတ်လအတွင်းမှာ သူ့ရဲ့ သီချင်းအသစ် လေး နဲ့ မိတ်ဆက်ပေးတော့မှာပါတဲ့။ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏနားလိုက်ပေမယ့်လည်း တက်နိုင်သလောက်တော့ ဆက်လုပ်သွားဦးမယ်လို့ပြောပါတယ်။

 

အဆိုတော် ဂျင်းနီ ဟာ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာနေတာဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော်အခွေအတွက်ကို MTV ရိုက်နေလို့ ပရိသတ်နဲ့ အလှမ်းဝေးနေတာပါတဲ့။ မကြာခင်မှာတော့ သူ ချစ်ရတဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်လေးတစ်ပုဒ်ကို အွန်လိုင်းပေါ်ကနေ ဖြန့်သွားမယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' အခုလက်ရှိမှာတော့ ဂျင်းနီ ပွဲလေးတွေ စီစဉ်ပေးဖြစ်တယ်။ ပြီးတော့ ဂျင်းနီ ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ Happy Birthday အခွေကို လည်း MTV ရိုက်နေတုန်းပဲ ရှိပါသေးတယ်။ နောက်ထပ်လည်း ပရိသတ်တွေ သီချင်းအသစ်နားထောင်လို့ ရအောင် သြဂုတ်လထဲမှာပဲ အွန်လိုင်းပေါ်ကနေ သီချင်းအသစ်တစ်ပုဒ်ဖြန့်ပေးဖို့ စီစဉ်နေပါတယ်'' လို့ သူကဆိုပါတယ်။

ဂျင်းနီ က အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တာကလည်း ကျန်းမာရေးကြောင့်ဖြစ်ပါတယ်။ အရင်က ခရီးတွေအသွားများလို့ ခါးနာတဲ့ ဝေဒနာကို ခံစားခဲ့ရဖူးတာကြောင့် လှုပ်လှုပ်ရှားရှားနေဖို့ အဆင်မပြေတာကြောင့် အနုပညာအလုပ်တွေ ခဏနားလိုက်ရတယ်ဆိုပြီးတော့ ဇူလိုင်လ ၄ ရက်နေ့က ကိုသားစိုးရဲ့ ရောသမနှပ် လက်ဖက်မိတ်ဆက်ပွဲမှာ Duwun Media ကိုဖြေဆိုခဲ့တာပါ။

'' ဂျင်းနီ ခါးရောဂါဖြစ်တဲ့အချိန်ပေါ့နော် ခရီးတွေသွားတော့ ခါးနာတာများတယ်၊ ပြီးတော့ လည်ပင်းကလည်း အခုဆိုပြန်ကောင်းလာတာပေါ့။ အဲ့ဒီဟာ နှစ်ခုစလုံး ပြိုင်ဖြစ်တဲ့အချိန်မျိုးရှိတယ်။ ၂၀၁၂  ကတော့ လှုပ်ရှားရတာတော်တော်လေး ခက်ခဲတယ်။ စိတ်သွားတိုင်းကိုယ်မပါဘူး။ အဲ့ဒီအချိန်မှာ နားလိုက်တော့ ပိုပြီးတော့ ဝလာတာပေါ့'' လို့ ပြောပါတယ်။

 

ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏနားခဲ့ပေမယ့် အနုပညာလောကနဲ့ အလှမ်းမဝေးဖို့အတွက် ဖျော်ဖြေပွဲတွေကို ကိုယ်တိုင် စီစဉ် နေတယ်လို့ ပြောပါတယ်။

'' အဲ့ဒီအချိန်တုန်းကလည်း အနုပညာအလုပ်တွေနဲ့ မဝေးဘူး။ ဂျင်းနီက ကိုယ်တိုင်မလုပ်ရတော့ ပွဲတွေ စီစဉ်တာပေါ့။ အနုပညာအလုပ်တွေ လုပ်တယ် ကိုယ်တိုင် Stage ပေါ်မတက်ဖြစ်တာပဲ  ရှိတာပါ။ အားမရခဲ့ဘူးပေါ့။ ဒါပေမယ့် အနုပညာအလုပ်တွေကိုတော့ လုပ်နိုင်သ၍ လုပ်သွားမှာပါ'' လို့ ဆိုပါတယ်။

 

အဆိုတော် ဂျင်းနီဟာ ငယ်စဉ်ကလည်း အနုပညာလောကထဲကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သုံးဆယ့်ရှစ်ဖြာမင်္ဂလာဆိုတဲ့ အစီအစဉ်ကလို့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီးဟန်နွေငြိမ်းဆိုတဲ့ နာမည်နဲ့ ဆို၊က၊ရေး၊တီး အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး ဆုတံဆိပ်တွေ ရရှိထား သူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က