ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မုဒိမ်းမှုနဲ့ စွပ်စွဲခံရပြီးနောက် တိမ်းရှောင်နေတဲ့ သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ ဒီနေ့(သြဂုတ်လ၂၄ရက်)မှာ မီဒီယာနဲ့ ပရိသတ် ရှေ့ကို ထွက်ရှိလို့ လာပါပြီ။ သတင်းစာ ရှင်းလင်းပွဲမှာ သီဟတင်စိုးဟာ သူ့ဘက်မှာ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင် များနဲ့ ပရိသတ်များ သူငယ်ချင်းများအားလုံး ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး အနုပညာလှုပ်ရှားမှု အကြောင်းတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

မုဒိမ်းမှုနဲ့ စွပ်စွဲခံရပြီးနောက် တိမ်းရှောင်နေတဲ့ သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ ဒီနေ့(သြဂုတ်လ၂၄ရက်)မှာ  မီဒီယာနဲ့ ပရိသတ် ရှေ့ကို ထွက်ရှိလို့ လာပါပြီ။ သီဟတင်စိုးဟာ သူကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ဒီနေ့မှာ  ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက် ဆိုင်မှာ မီဒီယာများနဲ့တွေ့ဆုံကာ တင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်လျက်ရှိပါတယ်။

 

သတင်းစာ ရှင်းလင်းပွဲမှာ သီဟတင်စိုးဟာ သူ့ဘက်မှာ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်များနဲ့ ပရိသတ်များ သူငယ်ချင်းများအားလုံး ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး အနုပညာလှုပ်ရှားမှု အကြောင်းတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

"ကျွန်တော်ဘက်ကနေ ဝိုင်းဝန်းပြီး ရပ်တည်ပေးခဲ့ကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီအမှုနဲ့ ပတ်သက် ပြီး ဥပဒေအကြောင်းအရာတွေကို ပိုလေ့လာဖို့အတွက် သင်ခန်းစာလည်း ရခဲ့ပါတယ်။နောက်ပြီး ငါးနှစ်းနီးပါး အနုပညာမလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အနုပညာအလုပ်တွေကိုလည်း ပြန်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ "ဆိုပြီး ဒီနေ့သြဂုတ် လ (၂၄) ရက်နေ့က ကျင်းပပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြောခွင့်ရတဲ့ တစ်နေ့ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်ပြီး ကိုယ်တိုင်ရှင်းပြမယ်ဆိုတဲ့ သီဟတင်စိုး 

အိမ်အကူဖြစ်တဲ့ ဒေါ်ခင်မာမြင့်အနေနဲ့ သီဟတင်စိုးကို မုဒိမ်းမှုနဲ့ တရားစွဲဆိုထားခြင်း ကိစ္စကတော့ လုံးဝကို ပြီးပျက်သွားပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း သီဟတင်စိုးဘက်က ဒေါ်ခင်မာမြင့်ကို တရားစွဲဖို့အတွက်ရှေ့နေတွေနဲ့ ဆက်ပြီးတိုင်ပင်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ယင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"ဒေါ်ခင်မာမြင့်ကို တရားထပ်ဆွဲမယ်ဆိုတာ ကျွန်တော့်ကို အသားရည်ဖျက်မှုနဲ့ တရားပြန်ဆွဲမှာပါ။ကျွန်တော့်ကို ဂုဏ်သိက္ခာကျဆင်းအောင်၊ ပရိသတ်က တစ်မျိုးထင်အောင် ကျွန်တော့်ကို ပြည်သူနဲ့ မျိုးစုံ ပြဿနာတွေဖြစ်အောင်လုပ်တဲ့အတွက် ကျွန်တော်ဆွဲရမှာပါ။ ဒါပေမယ့် ပရိသတ်ပေးတဲ့ ဒဏ်နဲ့တင် သူအတွက် တော်တေ်ာပြင်းထန်နေပါပြီ။ဒါပေမယ့် ကျွန်တော်ဘက်က ခွင့်လွှတ်ပေးချင်ပါတယ်။ဒါပေမယ့် ခွင့်လွှတ်ပေးလို့ မရလို့ပါ။ ခွင့်လွှတ်ပေးလိုက်ရင် ကျွန်တော်က အဖျားရှုးတဲ့လူဖြစ်သွားမယ်။ အဲ့အတွက် ခွင့်မလွှတ်ဘူး။ ဒါမှလည်း နောက်လူ တွေဆင်ခြင်မှာပါဗျ။ " ဆိုပြီး သူက ဆက်လက်ပြောပြခဲ့ပါတယ်။

 

သီဟတင်စိုးဟာ အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်ကို သားမယားအဖြစ် ပြုကျင့်ကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ခံထားရတာ ဖြစ်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်မှာ ဒေါ်ဇင်မာဦး၏ အသက်(၇၅)နှစ်အရွယ်ရှိ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်အား သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရသုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါတယ်။

 

အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်း နှိမ်နင်း ရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့သလို ပြည်သူတွေဖြစ်ကြတဲ့ သီဟတင်စိုးရဲ့ ပရိသတ်တွေကလည်း တစ်ဖက်တစ်လမ်းက အမှုမှန်ပေါ်ပေါက်ဖို့အရေး ကူညီခဲ့ကြပါတယ်။

အခုလက်ရှိမှာတော့ လိမ်လည်တိုင်တန်းခဲ့သူ ဒေါ်ခင်မာမြင့်ကို ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က