''အဆင်ပြေပါတယ်'' လို့ နာမည်ပေးထားပါတယ်။

နီနီခင်ဇော်က မကြာခင်ထွက်ရှိလာမယ့် ‘’အဆင်ပြေပါတယ်’’ဆိုတဲ့ သီချင်းလေးထဲက သီချင်းစာသားတွေအကြောင်းပြောပြထားပါတယ်။ ဒီသီချင်းအသစ်လေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူဖြစ်လာမယ့် သီချင်းလေး တစ်ပုဒ်ပါ။

Photo: Ni Ni Khin Zaw



အဆိုတော်နီနီခင်ဇော်က ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ထွက်ရှိလာမယ့် သူမရဲ့ Single Song လေးထဲက သီချင်းစာသားတချို့ကို မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီသီချင်းလေးကိုတော့ နီနီက ‘’အဆင်ပြေပါတယ်’’ လို့ နာမည်ပေးထားပါတယ်။ 

‘’လူသားတွေပျော်ရွင်စေဖို့ ပူလောင်စေဖို့ အချစ်ကို ဖန်ဆင်းခဲ့လေလား..။ အချစ်ကြောင့်ပျော်ခဲ့သလို ငိုခဲ့ဖူးတယ်။ အချစ်ဆိုတာ ပူလောင်ခြင်းလား အေးချမ်းခြင်းလား၊ ပိုင်ဆိုင်မှုတွေမပါတဲ့ စွန့်လွှတ်ခြင်းလား ။ ဒီတခါတကယ် မင်းသာတကယ်အဆင်ပြေဖို့ဆို လမ်းခွဲပေးပါ့မယ်။ မလိုရင်ထားခဲ့ပါတော့ ငါ့ဘဝ ငါ့ကံပဲပေါ့။ "အဆင်ပြေပါတယ်'' #19thJune2019’’ ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တာကြောင့် အခုဆိုရင် ဂီတလောကရဲ့ အောင်မြင်တဲ့ နေရာ တစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက ‘’ဂယ်ပဲ ဂယ်ပဲ’’ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’Super Red’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’U’’ ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီး ထပ်မံထွက်ရှိခဲ့ပါတယ်။

အဲဒီနောက် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် သူမရဲ့ Single Song တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများ ကြီးပိုင်ဆိုင်ခဲ့ပါတယ်။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ ‘’The Voice Myanmar’’ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ်ပါဝင်နေသူဖြစ်ပါတယ်။



Photo: Amazing Grace

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က