ဇာတ်လမ်းတွဲလေးတွေရိုက်ဖို့ရှိတယ်။

ရဲလေးမ ကတော့ Covid ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်သွားမယ်လို့ ဆိုပါတယ်။ 

Photo: Ye Lay Ma



ဇာတ်ပို့သရုပ်ဆောင် ရဲလေးမ က အခုချိန်မှာ ရိုက်ကူးရေးတွေ နားထားတယ်လို့ သိရပါတယ်။ Covid ကာလ ပြီးရင် အနုပညာအလုပ်ကို ပိုပြီး ကြိုးစားလုပ်ဆောင် သွားမယ်လို့လည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ရဲလေးမကတော့ ရတဲ့ အခွင့်အရေးလေးနဲ့ ပရိသတ်တွေကို အနုပညာအလုပ်နဲ့ပဲ ပေးဆပ်သွားမှာပါ။ ပြည်သူချစ်တဲ့ အနုပညာသမား တစ်ယောက်အနေနဲ့ ပရိသတ် ရင်ထဲမှာ စွဲကျန်ခဲ့အောင် အစစအရာရာ ကြိုးစား ပြင်ဆင်သွားမှာပါ။ ရိုက်ကူးရေးတွေ ပြန်လုပ်ခွင့်ရပြီဆိုရင်တော့ ဇာတ်လမ်းတွဲလေး နှစ်ခု ရိုက်ကူးသွားဖို့ရှိပါတယ်” လို့ ဆိုပါတယ်။ 

Photo: Ye Lay Ma

အလုပ်တွေ မရှိတဲ့အချိန်မှာ မိသားစု စားဝတ်နေရေးအတွက် မုန့်ဟင်းခါးရောင်းနေရတယ်လို့ ရဲလေးမက ပြောပါတယ်။ Covid ကာလကြောင့် အပြင်မထွက်ဖြစ်တဲ့ ပရိသတ်တွေလည်း လာရောက်အားပေးလို့ရပါပြီတဲ့။ 

“ လက်ရှိ မုန့်ဟင်းခါး ရောင်းနေတာလည်း အဆင်ပြေပါတယ်။ အသစ် ထပ်တိုးဖို့လည်း စီစဉ်နေပါတယ်။ နို့စိမ်းခေါက်ဆွဲရယ်၊ တခြား စားစရာလေးတွေ အစ်ကို ရောင်းမယ်။ အဲဒါကြောင့် အားပေးချင်တဲ့ ပရိသတ်တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ အခုဆို ကားထားဖို့နေရာလည်း အဆင်ပြေပါပြီ။ အတွင်းထဲကိုလည်း မဝင်ရတော့ပါဘူးလို့ ကြိုပြောချင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Ye Lay Ma

ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က