သူမစိတ်ကူးထဲက အကယ်ဒမီ ဆုရှင်တွေကို အားပေးစကားပြောခဲ့ပါတယ်။

သရုပ်ဆောင်ဆုပန်ထွာဟာ ပရိသတ်တွေ ခန့်မှန်းပေးထားတဲ့ အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် အနုပညာရှင်တွေအတွက် အားပေးစကားပြောထားပါတယ်။ ပရိသတ်ပေးတဲ့ အကယ်ဒမီဆုက တန်ဖိုးရှိတယ်လို့လည်း သူကဆိုပါတယ်။

Photo: Su Pan Htwar



၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆု ချီးမြင့်ပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်ဆုပန်ထွာက သူရဲ့ အကယ်ဒမီ ရင်ခုန်သံကို မီဒီယာတွေကနေတဆင့် ပြောပြထားပါတယ်။ အကယ်ဒမီ ရမယ့်သူတွေအတွက်ရော၊ မရသေးတဲ့ သူတွေအတွက်ကိုပါ ဆုပန်ထွာက ဆုတောင်းစကား ပြောပြခဲ့ပါသေးတယ်။

‘’ဘယ်လိုပဲဖြစ်ဖြစ် အစ်မကတော့ အကယ်ဒမီရမယ်လို့ တစ်ပြေးနေတဲ့ လူတိုင်း ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ရတဲ့သူကတော့ ကံကောင်းတာပေါ့နော်။ မရတဲ့သူတွေကိုလည်း ပရိသတ်က ပေးပြီးသား။ ပရိသတ်က မှန်းပေးထားတယ်ဆိုတာက သူတို့ ကြိုက်လို့၊ တော်လို့ မှန်းပေးတာ။ ဒီလူသည် ရပြီးသားလူလို့ပဲ အစ်မကတော့ သတ်မှတ်တယ်’’ လို့ မတ်လ ၂၃ ရက်နေ့က အကယ်ဒမီပေးပွဲ မတက်ခင် က မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Su Pan Htwar

ဆုပန်ထွာဟာ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်ပေးတဲ့ အကယ်ဒမီသာလျှင်အရေးကြီးဆုံး၊ တန်ဖိုးအရှိဆုံးဆိုတာကို ပြောပြလာပါတယ်။

‘’ မကောင်းပဲ၊ မတော်ပဲတော့ ပရိသတ်က မှန်းမပေးဘူး။ ဒီဇာတ်ကားမှာ အရမ်းကောင်းတယ် ဒီလူဆိုပြီးတော့ ပရိသတ်က ပေးတာပေါ့နော်။ ဒီလူသည် ပရိသတ်က ပေးပြီးသားဖြစ်တဲ့အတွက် ရသွားရင်လည်း ကံကောင်းတယ်။ မရရင်လည်း ဒီလူသည် အကယ်ဒမီရပြီးသားပါ။ အစ်မကတော့ အဲဒီလိုလေးပဲ စိတ်ထဲမှာ ထားစေချင်တယ်။ မှန်းထားပြီး မရတဲ့သူတွေအတွက်လည်း ဘယ်လိုမှ ခံစားစရာမလိုဘူး အကယ်ဒမီသည် ပရိသတ်က ပေးထားတယ်ဆို ပိုတောင် တန်ဖိုးရှိပါတယ်’’ လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

Photo: Su Pan Htwar

ဆုပန်ထွာက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာဖြစ်သလို၊ ဂီတဘက်မှာလည်း သီချင်းတွေ သီဆိုနေရသူပါ။ သူဟာ ‘’သေလောက်အောင် ချစ်တယ်’’ ဆိုုတဲ့ တစ်ကိုယ်တော် သီချင်းခွေလည်း ထွက်ရှိပြီးသားဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို မိသားစုကိုလည်း အချိန်ပေးနေတာကို တွေ့ရပါတယ်။

Photo: Su Pan Htwar

ဆုပန်ထွာဟာ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်နဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က