Asia Speical Award ဆုရတုန်းက ပုံလေးကို သိုးမွှေးထိုးပေးထားတာပါ။

ဝတ်မှုံရွှေရည်ဟာ ပရိသတ်က ပေးတဲ့ ပုံတူသိုးမွှေးရုပ်လေးကို သဘောကျနှစ်သက်နေတာ တွေ့ရပါတယ်။ သူမရဲ့ အနုပညာသက်တမ်းက အခုချိန်မှာ ၁၀ စုနှစ်ကျော်နေပြီဖြစ်ပါတယ်။

Photo: Wutth Hmone Shwe Yi Instagram

ဝတ်မှုံရွှေရည်က သူမကို ချစ်တဲ့ ပရိသတ်က ပေးတဲ့ လက်ဆောင်လေးကြောင့် ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ဒီလက်ဆောင်လေးကတော့ ဝတ်မှုံရွှေရည်ကိုယ်တိုင် Asia Speical Award ဆုကို လက်နဲ့ပိုက်ထားတဲ့ ပုံတူသိုးမွှေးအရုပ်လေး ဖြစ်ပါတယ်။

‘’Love this cute handmade gift from my fan’’ ဆိုပြီးတော့ ဇူလိုင်လ ၇ ရက်နေ့ညက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်တွေ ပေးထားတဲ့ လက်ဆောင်လေးကြောင့်လည်း သူမရဲ့ မျက်နှာမှာ အပြုံးတွေ ဝေရင်း သဘောကျ နှစ်သက်နေတာကိုလည်း တွေ့ရမှာပါ။

Photo: Wutth Hmone Shwe Yi Instagram

ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။



Photo: Wutth Hmone Shwe Yi Instagram

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Share

Loading Next Article...
က္က