အိချောပိုက ခန္ဓာကိုယ်လှလှလေးဖြစ်စေဖို့ လုံးဝကို ဝိတ်အတက်မခံပါဘူးနော်။ ဒါကြောင့်လည်း ဝိတ်မတက်တဲ့ ခန္ဓာကိုယ်လေးနဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်တာပေါ့လို့ဆိုပါတယ်။
Photo: A Linn Young
အိချောပိုက သူ့ကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေက အမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီးတော့လည်း ဂရုတစိုက် ထိန်းသိမ်းဖြစ်ပုံလေးကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
‘’ဒါကတော့ ပရိသတ်တွေ တစ်ယောက်နဲ့ တစ်ယောက်ခံယူချက်ချင်း မတူဘူးပေါ့နော်။ တချို့ပရိသတ်တွေကျတော့လည်း သရုပ်ဆောင်ပိုင်းကို ကြိုက်တာရှိတယ် အမျိုးမျိုးပေါ့။ Body ကို ဘယ်လောက်အထိ ထိန်းထားသလဲတာကလည်း အထွေအထူးတော့ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဝလာပြီလို့ထင်ရင် ဝိတ်ပြန်လျှော့လိုက်တယ်။ ဒီလောက်ပါပဲ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ‘’မှောင်မိုက်’’ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ ဖြေဆိုခဲ့ပါတယ်။
Photo: Ei Chaw Po
ဓာတ်ပုံလှလှလေးတွေ တင်တော့လည်း ပရိသတ်တွေ အများကြီးက အားပေးတယ်လို့ ဆိုပါတယ်။ လှတဲ့သူမို့လို့ လှတဲ့ပုံလေးတွေ တင်တာဆိုပြီးတော့လည်း အိချောပိုက စနောက်ရင်းပြောပြခဲ့ပါတယ်။
‘’ ပရိသတ်တွေကလည်း အားပေးချင်သလို အားပေးမယ်။ သူတို့ ထင်ချင်သလို ထင်မယ်။ ဒါပေမယ့် ပရိသတ်ဆိုတာလည်း ထင်ပိုင်ခွင့်ရှိတယ်လေ။ ပုံတွေတင်တယ်ဆိုတာကလည်း ဓာတ်ပုံဆရာတွေရိုက်ပေးတဲ့ ဓာတ်ပုံကို လှနေရင်တော့ ကိုယ်က တင်မှာပဲလေ။ လှလည်း လှနေတာကိုး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။
Photo; Zaw Moe Htet
အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။