YUFL ပွဲ ကိစ္စဖြစ်ပါတယ်။

ပန်းရောင်ခြယ်ဟာ YUFL ရဲ့ ၅၅ နှစ်မြောက် ဂီတဖျော်ဖြေပွဲကို မတက်ရောက်နိုင်တော့တဲ့ အကြောင်းကို ရှင်းလင်းပြောပြလာပါတယ်။ ဒီလို ရှင်းပြတာကလည်း သူ့ကိုချစ်တဲ့ ပရိသတ်တွေ အထင်လွဲမှာ စိုးရိမ်လို့ပါတဲ့။

Photo:Pann Yaung Chel

အဆိုတော် ပန်းရောင်ခြယ်ဟာ YUFL ရဲ့ ၅၅ နှစ်မြောက် ဂီတဖျော်ဖြေပွဲမှာ လာရောက်သီဆိုဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း သူမဆီကို ဆက်သွယ်ထားတာမျိုး မရှိဘူးလို့ ပြောပြလာပါတယ်။

‘’ပန်းရောင်ရဲ့ နာမည်ကို YUFL ရဲ့ ၅၅ နှစ်မြောက် မွေးနေ့ ဂီတ ဖျော်ဖြေပွဲမှာ ကြေညာထားတာ တွေ့ရပါတယ်။ ပန်းရောင်ကို YUFL ပွဲအတွက် တိုက်ရိုက် မေးမြန်း အကြောင်းကြားဆက်သွယ်ထားခြင်းမရှိပါဘူး။ အဲ့ဒီနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ Daddy ရော၊ ပန်းရောင်ရော ရန်ကုန်မှာ မရှိကြပါဘူး။ ခရီးရောက်နေကြမှာဖြစ်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Pann Yaung Chel

ဒီလိုရှင်းပြရတာကလည်း ပန်းရောင်ခြယ်ကို ချစ်ကြတဲ့ YUFL က ပရိသတ်တွေ အထင်လွဲသွားမှာကို စိုးရိမ်တဲ့ အတွက်ကြောင့်ပါလို့ ဆက်လက်ပြောပြထားပါတယ်။

‘’ ရန်ကုန်မှာရှိရင် Daddy ရော၊ ပန်းရောင်ရော လာရောက်ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ခရီးရောက်နေ ကြမှာ ဖြစ်တဲ့အတွက် မလာနိုင်တာဖြစ်ပါတယ်။ ပန်းရောင်ကို မမေးမြန်း၊ Confirmation မယူပဲ နာမည်ကြေညာ ထားတဲ့အတွက် ပန်းရောင် လာမယ်ပြောထားပြီး မလာဘူးလို့ YUFL မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ Staffs များမှ အထင်လွဲမှာ စိုးသဖြင့် အခုလို ရှင်းပြရခြင်းဖြစ်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Pann Yaung Chel

ပန်းရောင်ခြယ်ဟာ YUFL က ကျင်းပပြုလုပ်မယ့် ဂီတဖျော်ဖြေပွဲကို မတက်ရောက်နိုင်တော့တဲ့ အကြောင်းကိုလည်း တာဝန်ရှိသူ ကို အကြောင်း ကြားထားပြီး ဖြစ်တယ်လို့လည်း ထပ်မံပြောပြထားပါတယ်။

‘’ ပန်းရောင် ခရီးရောက်နေမှာဖြစ်တဲ့ အကြောင်းကိုလည်း YUFL မှ တာဝန်ရှိသူတစ်ဦးကို ပန်းရောင် ဖုန်းဆက်ပြီး အကြောင်းကြားထားပြီးပါပြီ။ ကျေးဇူးပါ’’ ဆိုပြီးတော့ ဆက်လက် ရေးသားထားတာဖြစ်ပါတယ်။

Photo: Pan Yaung Chel

အဆိုတော် ပန်းရောင်ခြယ်ဟာ အဆိုတော်ကြီးဂရေဟမ်ရဲ့ သမီးကြီးတစ်ယောက်ဖြစ်ပါတယ်။ ပန်းရောင်ခြယ်က လက်ရှိမှာ ဂီတဖျော်ဖြေပွဲတွေ သီဆိုနေရသူ တစ်ဦးပါ။ သူ့ရဲ့ တစ်ကိုယ်တော်အခွေ အသစ်ထွက်ဖို့ကိုလည်း အချိန်ယူ ကြိုးစားပြင်ဆင်နေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က