အားပေးဖို့ အဆင့်သင့်ပဲလား။

နာမည်ကြီး သရုပ်ဆောင်တွေများစွာ ပါဝင်ထားပြီး ပရိသတ်တွေကို အူတတ်အောင် ရယ်မောပျော်ရွှင်စေမယ့် “တရုတ်မလေးကို ချစ်တယ်” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင် ရုံတင်ပြသတော့မှာပါ။

Photo : ဝေါ်အိုက်နီFB



ပရိသတ်တွေရဲ့ အမောတွေကို ပြေပျောက်စေပြီး အူတတ်အောင် ရယ်မောပျော်ရွှင်ရစေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားက “တရုတ်မလေးကို ချစ်တယ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။

ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “တရုတ်မလေးကိုချစ်တယ်” ဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်နဲ့ ဟာသရုပ်ဆောင်တွေ၊ ဇာတ်ပို့ဇာတ်ရံတွေများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 



မီးပုံးအနီးတွေနဲ့ ရုပ်ရှင်ရုံကြီးကို အလှဆင်ထားတာ Photo : ဝေါ်အိုက်နီFB

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲပြသခြင်းကိုလည်း ဇန်နဝါရီ(၂၈) ရက်နေ့ ည(၆)နာရီက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ အထူးပွဲမှာ ရုပ်ရှင်ရုံတစ်ရုံလုံးကို မီးပုံးအနီတွေနဲ့ အလှဆင်ထားပြီး တက်ရောက်လာတဲ့ အနုပညာရှင်တွေက တရုတ်ဝတ်စုံလေးတွေ ဝတ်ဆင်လာကြတာလည်း တွေ့ရပါတယ်။

ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံး ခြေလှမ်းဖြစ်တဲ့ ဒီဇာတ်ကားကြီးအတွက် ထုတ်လုပ်သူတင်မက သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဝါရင့်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက ဇာတ်ကားနဲ့ ပတ်သက်လို့ ယခုလို ပြောပြခဲ့ပါသေးတယ်။

“ခသုံးလုံးရဲ့ သွားမယ့် အနေအထားလေးက ပထမဆုံး နှစ်ကားလောက်မှာ ဟာသကားလေးနဲ့ ထွက်တာပါ။ ပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင်လည်း ဖြစ်စေချင်တယ်။ ဒီကားထဲမှာ ကျွန်မက တရုတ်မိသားစုဝင် ဖြစ်တဲ့အတွက် တရုတ်သံဝဲပြီး ပြောရတာပေ့ါ။ အခက်အခဲလေးတွေလည်း ရှိတယ်။ ပျော်စရာတွေလည်းရှိခဲ့တယ်။ လာကြည့်ဖို့ကိုလည်းဖိတ်ခေါ်ပါတယ်။” လို့ ဇန်နဝါရီ(၂၈) ရက်နေ့က ပြုလုပ်တဲ့ “တရုတ်မလေးကိုချစ်တယ်” အထူးပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ဝေါ်အိုက်နီFB

“တရုတ်မလေးကိုချစ်တယ်” ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်မပြသခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ကို ဖမ်းစားထားနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ရုံမတင်ခင် ထွက်ရှိခဲ့တဲ့ ရုပ်ရှင်နမူနာ ဗီဒီယိုဖိုင်ဟာလည်း တစ်ရက်တည်းတင် (၁)သန်းကျော်သွားခဲ့ပါသေးတယ်။ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတချို့ဟာလည်း Tik Tok ဆော့တဲ့ ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးတွေ ဖြစ်ခဲ့ပါသေးတယ်။

“တရုတ်မလေးကိုချစ်တယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ(၁) ရက်နေ့ကစပြီး မြန်မာနိုင်ငံရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က