ပုသိမ်တက္ကသိုလ်မှာ ပျော်ရွှင်ခဲ့ရပါတယ်။

G-Fatt က ရေတွေရွှဲနေတဲ့ကြားက သူ့ရဲ့ သီဆိုဖျော်ဖြေမှုကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို နေမကောင်းဖြစ်မှာ စိုးရိမ်နေပါတယ်။

Photo: A Linn Yaung

အဆိုတော် G-Fatt က ပုသိမ်တက္ကသိုလ်က ပရိသတ်တွေနဲ့အတူ ကျောင်းသင်္ကြန်ပွဲမှာ ပျော်ပျော်ပါးပါး သီချင်းတွေ သီဆိုခဲ့တာကို တွေ့ရပါတယ်။ ရေတွေကြားက အားပေးခဲ့တဲ့ ပရိသတ်တွေ အတွက်ကိုလည်း စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

‘’ပျော်လဲပျော်သလို နေမကောင်းဖြစ်ကြမှာလဲ စိုးရိမ်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ ဆေးသောက်ကြပါ။ နေအရမ်းပူတဲ့ကြားက ရေတွေကြားမှာ အားပေးကြမ်းတဲ့ ပုသိမ်က ကျောင်းသား ကျောင်းသူများကို အမြဲ အမှတ်ရနေပါ့မယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီ ၁၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: G-Fatt

G-Fatt က သူ့ရဲ့ ပရိသတ်တွေ အတွက် သီချင်းအသစ်လေးတစ်ပုဒ်ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီသီချင်းကိုတော့ ကလောမြို့လေးမှာ ရေးသားခဲ့တာဖြစ်ပြီး သီချင်းထဲက အကြောင်းအရာကလည်း ရန်ကုန်မှာတောင်ရေးလို့မရတဲ့ ခံစားချက် ကွက်တိဖြစ်နေတယ်လို့ ဆိုပါတယ်။

အဆိုတော် G-Fatt တစ်ယောက် ချစ်သူလေး နန်းဆုရတီစိုးနဲ့ တွဲလာတဲ့ အချိန်တွေ ကြာလာတာနဲ့ အမျှ ဝဝဖြိုးဖြိုးနဲ့ ပိုချောလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဝလာတဲ့အပေါ်မှာလည်း ဖောင်းကားနေတာပဲ လို့ စနောက်ခြင်းခံရတယ်လို့ ဆိုပါတယ်။

‘’ပိန်ညှောင်နေတာပဲ ဆိုလို့ ဝ အောင်နေတယ်လေ။ အခု နဲနဲလေး ဝ လာမှ ဖောင်းကားနေတာပဲ တဲ့လား’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သူတင်လိုက်တဲ့ စာလေးကြောင့်လည်း ပရိသတ်တွေက သဘောကျလို့နေပါတယ်။

Photo: G-Fatt

G-Fatt ကို 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G-Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။ 

Share

Loading Next Article...
က္က