တောင်ကိုရီးယားမင်းသားချော Lee Sang Yeob နဲ့ အတူ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ မအေးသောင်းကတော့ ပရိသတ်တွေ မနာလို အောင် လုပ်လိုက် ပါပြီ။ Lee Sang Yeob ဟာ Running Man အဖွဲ့ဝင် တချို့ နဲ့ အတူ မြန်မာနိုင်ငံကို ရောက်ရှိ နေတာ ဖြစ်ပါတယ်။
Photo: Aye Thaung Facebook
မအေးသောင်းတစ်ယောက် ကိုရီးယားမင်းသားချောလေး Lee Sang Yeob ရဲ့ ပရိသတ်တွေ မနာလိုဖြစ်အောင် လုပ်လိုက်ပါပြီ။ မန္တလေး လေယာဉ်ပေါ်မှာ အတူတူတောင် စီးလာကြသေးတယ်လို့လည်း ပြောပြထားပါတယ်။ Lee Sang Yeob နဲ့ အတူ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ မအေးသောင်းကတော့ မျက်နှာပေါ်မှာ အပြုံးတွေ ဝေနေပါတယ်။
''ကိုယ့်လဲ ခေတ်မှီအောင် မန္တလေးကိုလေယာဉ်အတူစီးလာတာ Lee Sang Yeob နဲ့ ဆယ်လ်ဖီ မနာလိုဖြစ်ကြကုန်'' ဆိုပြီး တော့သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ စက်တင်ဘာလ ၈ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်က တင်ခဲ့တာ ဖြစ်ပါတယ်။ မအေးသောင်းကို အားကျတဲ့ ပရိသတ်တွေကတော့ အရမ်းကို အားကျနေကြပါပြီ။
Photo: Lee Sang Yeob Fan Page
Lee Sang Yeob ဟာ ''The Innocent Man'' ရုပ်သံဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင် Song Joong Ki ကို မနာလိုသူ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်တဲ့ ရုပ်သံဇာတ်လမ်းတွဲ တော်တော် များများမှာလည်း ပါဝင် သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ Running Man အစီအစဉ်မှာလည်း Member တစ်ဦးအနေနဲ့ ပါဝင်လာတာကို တွေ့ရပါတယ်။
Photo: Lee Sang Yeob Fan Page
မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေ တာ တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေရသူပါ။ မအေးသောင်းရဲ့ အနုပညာ သက်တမ်းကတော့ အတော်ကို ကြာနေပါပြီ။
အပျိုကြီးဘဝကကျွတ်အောင် အမြန်ဆုံးကြိုးစားမယ်ဆိုတဲ့ မအေးသောင်း
Photo: Aye Thaung Facebook
အေးဝတ်ရည်သောင်းဟာ မကြာခင်က ရိုက်ကူးပြီးခဲ့တဲ့ မျက်နှာဖုံးများ ရုပ်ရှင်ဇာတ်ကား ကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ် ကား ကြီးထဲမှာ အကယ်ဒမီမင်းဦး၊ ကျော်ထက်အောင်၊ အောင်ရဲထိုက်၊ Rusell ၊ အိချောပို၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အေးဝတ်ရည်သောင်း၊ မြနှင်းရည်လွင်၊ မေ ၊ အကယ်ဒမီမျိုးသန္တာထွန်း၊ ကောင်းမြတ် တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။