တကယ်ကို မွန်မြတ်တဲ့ ကုသိုလ်ပါ။

မေပန်းချီဟာ အိမ်အဖျက်သိမ်းခံရတဲ့ အထဲပါတဲ့အဖွားတစ်ဦးကို တစ်ပတ်စာ တက်နိုင်သလောက် ငွေကြေးလေးနဲ့ လမ်းသွား ရင်း အလှူ အတန်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေရသလို ပရဟိတဘက် မှာလည်း စိတ်အားထက်သန် သူဖြစ်ပါတယ်။

Photo: မေပန်းချီဖေ့စ်ဘွတ်

 

မေပန်းချီဟာ အခုလက်ရှိမှာ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးမှာလည်း ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ပရဟိတအလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူ တစ်ယောက်ပါ။ အခုလည်း မထင်မှတ်ပဲ ပြုလုပ်ခဲ့တဲ့ အလှူလေး အကြောင်း ကိုလည်း ပရိသတ်တွေ သာဓုခေါ်နိုင်အောင် ရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' ရင်ထဲမကောင်း Gym သွားရင်းလမ်းမှာ တွေ့လို့ အိမ်အဖျက်သိမ်းခံရတဲ့ ထဲပါတဲ့အဖွားတဲ့ လက်ကလဲကျိုးထားတာ တစ်ပတ်စာ လောက် စားသောက်လို့ရအောင် တတ်နိူင်သလောက်တော့လှူခဲ့ပါတယ်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ အလှူလေးအပေါ် ပရိသတ်တွေကလည်း သာဓု ၃ ကြိမ်ခေါ်ဆို ခဲ့ကြပါ သေးတယ်။

Photo: မေပန်းချီဖေ့စ်ဘွတ်

အရေးပေါ်သွေးလိုအပ်နေတဲ့ ကလေးအတွက် ကူညီခဲ့တဲ့ မေပန်းချီ 

မေပန်းချီဟာ ကုသိုလ်ရေးအလုပ်တွေ နဲ့ ပတ်သက်ပြီး သူကိုယ်တိုင်လည်း ဆောင်ရွက်သလို သူ့ရဲ့ ပရိသတ်တွေလည်း ဒီလို ကုသိုလ်ရေးတွေ ဆောင်ရွက်ကြစေဖို့ ပြန်လည်မျှဝေလေ့ရှိပါတယ်။ အများအားဖြင့် မရှိဆင်းရဲသားတွေ၊ မိဘမဲ့ ကလေးတွေ နဲ့ အပြင် အမှန်တကယ် လိုအပ်နေ တဲ့ နေရာတွေမှာ သွားရောက်ပြီးတော့ အလှူအတန်းတွေလုပ်လေ့ရှိပါတယ်။

Photo: မေပန်းချီဖေ့စ်ဘွတ်

 

မေပန်းချီဟာ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာသာမက ပွဲတွေ တော်တော်များများမှာ သီချင်းဆိုုဖြစ်နေတာလည်း တွေ့ရပါတယ်။ အဲ့ဒီ နောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Kate Amazing Jean Shop ဆိုတဲ့ Fashion ဆိုင်လေးကိုပါ ဦးစီးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Photo: မေပန်းချီဖေ့စ်ဘွတ်

 

သူ့ အနေနဲ့ သရုပ်ဆောင်အလုပ်သာမက ဂီတအပိုင်းကိုလည်း ခြေလှမ်း စတင်ချင်တာကြောင့် ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးတွေကို ပရိသတ်တွေဆီတင်ဆက်နိုင်ဖို့ ကြိုးစားဦးမယ်လို့ အင်တာဗျူး တချို့မှာ ဖြေဆိုဖူးပါတယ်။ ယခု နောက်ပိုင်းမှာ အနုပညာပိုင်းသာမက ပရဟိတ အလုပ်လေး တွေကိုပါ  အချိန်ရရင် ရသလို လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။

Share

က္က