ကွယ်လွန်သွားပြီဆိုတဲ့ သတင်းက မဟုတ်ဘူးတဲ့။

ဒီနေ့(သြဂုတ်လ၂၇ရက်)မှာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ ပြန့်လို့နေခဲ့ ပါတယ်။ ထိုသတင်းကြောင့် ပရိသတ်တွေလည်း အန်တီဒေါ်စံပယ် အတွက် စိတ်မကောင်းဖြစ်လို့နေကြသလို သတင်းမှန် မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းနေကြပါတယ်။

 

ဒီနေ့(သြဂုတ်လ၂၇ရက်)မှာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ ပြန့်လို့နေခဲ့ပါတယ်။ ထိုသတင်းကြောင့် ပရိသတ်တွေလည်း အန်တီဒေါ်စံပယ် အတွက် စိတ်မကောင်းဖြစ်လို့နေကြသလို သတင်းမှန် မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းနေကြပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အန်တီဝါဝါအောင်ကလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

"အန်တီတို့လည်း သတင်းကြားကြားချင်းလန့်သွားတယ်။ အဲ့ဒါနဲ့ဖုန်းဆက်မေးကြည့်တော့မှ မဟုတ်ဘူး။ အန်တီဖုန်းဆက်တော့ မစံပယ်ကိုတိုင် ဖုန်းဆက်ပြီး ပြန်ဖြေခဲ့တာ။ သူကျန်းမာရေးကောင်းပါတယ်။ ဆေးဝါးအတွက် အကူအညီတွေလိုအပ်နေတယ်။ အန်တီတို့လည်း နောက်နေ့ သွားလှူဖို့ စီစဉ်ထားပါတယ်။ အလှူရှင်တွေလည်း ပါဝင်လှူဒါန်းပေးဖို့ ဖိတ်ခေါ်ပါတယ်"ဆိုပြီး အန်တီဝါဝါအောင်က Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

 

အန်တီစံပယ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့လည်း သတင်းမှန် သိရှိနိုင်ဖို့အတွက် ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်ကို Duwun Media မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

"အမေဘာမှမဖြစ်ပါဘူး။ ယခုလက်ရှိ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဗမာဆေးဆရာနဲ့ ကုနေတယ်။ဆရာတွေက လေ့ကျင့်ခန်း လုပ်ဖို့ ပြောတယ်။ လုပ်လည်း လုပ်နေပါတယ်။နှလုံးစက်တပ်ဖို့ကလည်း ဆရာဝန်တွေက ဘာမှမပြောသေး ပါဘူး။အမေဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့။ အမေအသက်ရှင်နေပါတယ်" လို့ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

 

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ဦးဖြစ်သူ မစံပယ်ကတော့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ဆေးရုံတက်နေရတာကြောင့် အနုပညာရှင် ညီအစ်မ တွေ ဖြစ်ကြတဲ့ မမများအဖွဲ့ကလည်း ဆေးကုသစားရိတ်သွားရောက်လှူဒါန်းခဲ့ကြပါသေးတယ်။

'' သူက နှလုံးမှာ သွေးကြောကျဉ်းတာ နှစ်ကြောထည့်ရမယ်၊ သူတို့က အမေများအဖွဲ့လေ အန်တီဂွမ်းတို့က မမများအဖွဲ့ဆိုတော့ အမြဲတမ်းတွေ့နေကြ ခင်နေကြ၊ ပြီးတော့ ရုပ်ရှင်ညီအစ်မတွေလည်းဖြစ်ကြတော့ သူနေမကောင်းဘူးဆိုတော့ တီဂွမ်းတို့မှာလည်း ပရဟိတအဖွဲ့ရှိတယ်ဆိုတော့ ပိုက်ဆံသွားလှူကြမယ် ဆိုပြီး သွားကြတာ'' လို့ ဖေဖော်ဝါရီ လတုန်းက ဒေါ်စံပယ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဂွမ်းပုံကြီးက ပြောပြခဲ့ဖူးပါတယ်။

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ အမေများအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ဒေါ်စံပယ်ကတော့မြောက်ဥက္ကလာမြို့နယ် ဝေဘာဂီဆေးရုံကြီးမှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ တက်ရောက်ဆေးကုသမှုခံယူခဲ့ရဖူးပါတယ်။ ယခုလက်ရှိတော့ အိမ်မှာပဲ မြန်မာဆေးနဲ့ ရောဂါကို ဆက်လက်ကုသမှု ခံယူလျက်ရှိပါတယ်။

Share

Loading Next Article...
က္က