မိသားစုကပထမလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီမာရှယ်က မန်ချက်စတာယူနိုက်တက်အသင်းကို ကြာသပတေးနေ့မှာ ပြန်လာမယ်လို့ ပြောကြားခဲ့ပြီး မိသားစုက အမြဲတမ်းပထမဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲစဉ်တွေကို ထားရစ်ပြီး ဒုတိယမြောက်ရင်သွေးမွေးဖွားတာကို သွားရောက်ကြည့်ရှုခဲ့တဲ့ မာရှယ်ကို နည်းပြမော်ရင်ဟိုက ဒေါသထွက်နေပြီး မာရှယ် ဘယ်တော့ပြန်လာမလဲဆိုတဲ့မေးခွန်းတွေကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။


Martial-Mourinho-3973.jpg

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရှယ်ဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ကစားသမားဖြစ်ပြီး နည်းပြမော်ရင်ဟိုကလည်း မာရှယ်ကို ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။ အန်သိုနီမာရှယ်က ပရိသတ်တွေ အားလုံးသိရှိချင်နေတဲ့ ဘယ်တော့ပြန်လာမလဲဆိုတဲ့ မေးခွန်းကို ဖြေကြားပေးခဲ့ပြီး ၎င်းရဲ့လူမှုကွန်ရက်အကောင့်မှာ သမီးဖြစ်သူ နေကောင်းကြောင်း၊ မိခင်ဖြစ်သူကတော့ နည်းနည်းအခက်အခဲရှိခဲ့ပေမယ့် ဘုရားသခင်ကျေးဇူးကြောင့် ယခုအခါမှာ ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

"တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မိသားစုက အမြဲတမ်း ပထမနေရာမှာပဲရှိပါတယ်"

"ကြာသပတေးနေ့မှာ အသင်းဆီကို ပြန်လာခဲ့ပါ့မယ်"လို့ မာရှယ်က ရေးသားထားပါတယ်။

 

အန်သိုနီမာရှယ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ရောက်ရှိလာတဲ့ ဆန်းချက်ဇ်ကြောင့် ပွဲထွက်ခွင့် အကန့်အသတ်နဲ့သာ ရရှိခဲ့တာကြောင့် ပွဲကစားခွင့် ပိုမိုရရှိမယ့် အသင်းသစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသူဖြစ်ပါတယ်။ မာရှယ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၄၅ ပွဲကစားခဲ့ရာမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ပဏာမကစားသမား ၂၃ ဦးစာရင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က မိုနာကိုအသင်းကနေ ပေါင် ၃၆ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ မာရှယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဆန္ဒရှိရင် တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့် ထည့်သွင်းချုပ်ဆိုထားပေမယ့် လက်ရှိအခြေအနေအရ ရောင်းထုတ်ခံရဖို့ ပိုများနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က