သီချင်းနာမည်က "အိမ်ပြေး"တဲ့။

သီချင်းသစ်တွေကို တောင်းတနေတဲ့ ပရိသတ်တွေ၊ မိတ်ဆွေအတွက် ဆောင်ဦးလှိုင်က ဒီနေ့(စက်တင်ဘာ၂၇ရက်)မှာ သီချင်း သစ်တစ်ပုဒ်ကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ပေးလိုက်ပါတယ်။ သီချင်းနာမည်က "အိမ်ပြေး" ပါတဲ့။

 

သီချင်းသစ်တွေကို တောင်းတနေတဲ့ ပရိသတ်တွေ၊ မိတ်ဆွေအတွက် ဆောင်ဦးလှိုင်က ဒီနေ့(စက်တင်ဘာ၂၇ရက်)မှာ သီချင်းသစ်တစ်ပုဒ်ကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ပေးလိုက်ပါတယ်။"အိမ်ပြေး" ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေနားဆင်နိုင်ဖို့အတွက် ဖန်တီးပေးထားတာ တွေ့ရ ပါတယ်။ ဒီသီချင်းလေးဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိခင်အား တမ်းတပြီးတော့ရေးသားထားတဲ့ သီချင်းလေး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆောင်းဦးလှိုင် ပြောပြတဲ့ အနုပညာနဲ့ မူးယစ်ဆေးအကြောင်း 

"အိမ်ပြေး" A New Song။ Followers တွေများများလာတယ်။Friend တချို့ကလည်းတောင်းဆိုတယ်။အားလုံးအတွက် သီချင်းသစ် တစ်ပုဒ် တင်ပေးလိုက်ပါတယ်။နားဆင်ပါ ကြိုက်မယ်ထင်တဲ့သူတွေကို Share ပေးကြပါ…လူတကာ နားဆင်ဖို့တော့မဟုတ်ပါ။အိမ်နဲ့ဝေးနေသူ မိသားစုနဲ့ ဝေး အမိမြေနဲ့ဝေးနေရသူများအတွက်ပိုကောင်းလိမ့်မယ်ထင်ပါတယ်။ကျွန်တော့်အမေ ( ကွယ်လွန် ) အားတမ်းတရေးဖွဲ့ပါသည်။" ဆိုပြီး စက်တင်ဘာ(၂၇) ရက်နေ့ က ဆောင်ဦးလှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

 

အိမ်ပြေးဆိုတဲ့ Title လေးအတိုင်း အိမ်နဲ့ဝေးနေသူ မိသားစုနဲ့ဝေးကွာနေသူ၊ အမိမြေနဲ့ ဝေးနေရသူနားဆင်ရင် ပိုပြီးတော့ ခံစားချက်ချင်း ထပ်တူကျနိုင်မယ့် သီချင်းတစ်ပုဒ်ဖြစ်တာကို တွေ့ရပါတယ်။ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဆောင်းဦး လှိုင်ဟာ သီချင်းရေးရာမှာလည်း တစ်ဖက်ကမ်းခက်သူပါ။

သူရေးတဲ့ သီချင်းတိုင်းဟာ သဘာဝနဲ့ကိုက်ညီပြီး တကယ့်ကို ခံစားချက်တွေ အပြည့်ပါဝင်တာကို သူရဲ့ သီချင်းတွေကို နားထောင်ကြတဲ့ ပရိသတ်တိုင်း သိကြပါတယ်။

 

ဒီသီချင်းလေးကလည်း ပရိသတ်တွေကို ဘယ်လိုတွေ ဆွဲဆောင်နိုင်ဦးမလဲဆိုတာကတော့ မကြာခင် မြင်တွေ့ရတော့မှာပါ။ဆောင်းဦးလှိုင်က လက်ရှိမှာ  ဘော်နီယိုကျွန်းတွင် နေထိုင်လျက် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်သွားတာ လေးနှစ်လောက် ရှိပြီ ဖြစ်တဲ့ ဆောင်းဦးလှိုင်က ဇွန်လ(၂၂)ရက်နေ့က ကမ္ဘာ့စံချိန်ဆိုတဲ့ တေးစီးရီးခွေကို ထွက်ရှိထား ပါသေးတယ်။

Share

Loading Next Article...
က္က