ဘာတွေဆုတောင်းပေးထားမလဲ။

ဇဏ်ခီက သူချစ်တဲ့ ပရိသတ်တွေအားလုံးအတွက် နှစ်သစ်ဆုတောင်းစကားလေး ပြောထားပါတယ်.နှစ်သစ်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ ရွေးစားဖို့လည်း ပါတယ်နော်.

Photo : ဇဏ်ခီ FB

သရုပ်ဆောင် ဇဏ်ခီက ၂၀၁၉ နှစ်သစ်ရဲ့ အစနေ့လေးဖြစ်တဲ့ ဇန်နဝါရီ(၁) ရက်နေ့မှာ ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားလေး ပြောထားတာတွေ့ရပါတယ်။ ဇဏ်ခီက သူချစ်တဲ့သူတွေအားလုံးကို ၂၀၁၉ မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ တက်နိုင်သမျှ ရွေးစားဖို့အတွက်လည်း ပြောထားပါတယ်။

“မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။ အကုသိုလ်အတွေးများ နဲ့ အကုသိုလ်ဖြစ်စေတဲ့သူများဆီက ဝေးဝေးနေပါ။ ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ တက်နိုင်သမျှရွေးစားပါ။ ဘဝကို တစ်ရက်ခြင်း လျှောက်လှမ်းပါ။ အားလုံးကျမ်းမာ ချမ်းသာ ကြပါစေ” ဆိုပြီး ဇဏ်ရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ (၁) ရက်နေ့က ရေးသားထားတာပါ။ ဇဏ်က သူတို့ မိသားစုပုံလေးတွေ တင်ပြီး နှစ်သစ်ဆုတောင်ပေးထားတာပါ။

Photo : ဇဏ်ခီ FB

ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်း တောင်းပေးထားတဲ့ ဇဏ်ခီတို့ ဇနီးမောင်နှံအတွက်ကိုလည်း ပရိသတ်တွေက ကောမန့်တွေမှာ ပြန်ပြီး ဆုတောင်းစကားတွေ ပြောထားကြပါတယ်။ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ဇဏ်ခီတို့ဟာ လက်ရှိမှာ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ထာဝရနှောင်ကြိုး” ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးလျက်ရှိပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ ဂျူးဂျူးကေ၊ ခင်သဇင်နဲ့အခြားသော အနုပညာရှင်တွေများစွာ ပါဝင်ထားတာတွေ့ရပါတယ်။

Photo : ဇဏ်ခီ FB

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ရဲ့ အိမ်ထောင်ရေးက အခုဆိုရင် ၁၂ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာ သွား သွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေး လည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူ အတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပြန် ပါတယ်။

Share

Loading Next Article...
က္က