ပရိသတ်တွေ အရမ်းချစ်ကြတာနော်။

မြင့်မြတ်ဟာ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကိုခံရတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး။ အသက်အရွယ်စုံ ပရိသတ်တွေရဲ့ အားပေးနှစ်သက်ခြင်းခံရသူ ဖြစ်ပါတယ်။

Photo : Nyar Na FB



ကျရာဇာတ်ရုပ်များကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်ဟာ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာလည်း သရုပ်ဆောင်မြင့်မြတ်ဟာ Ve Ve Tour နဲ့အတူ ခရီးတွေသွားရင်း ပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံခဲ့ပါတယ်။ မြို့နယ်တစ်မြို့နယ်ဆီ ရောက်တိုင်း ကြိတ်ကြိတ်တိုး အားပေးကြတဲ့ ပရိသတ်တွေကြားမှာ မြင့်မြတ်တစ်ယောက် အပြုံးမပျက်ခဲ့ပါဘူး။

Photo : Nyar Na FB

ဒါ့အပြင် မြင့်မြတ်ကို အပြင်မှာတွေ့ပြီး အသည်းယားလွန်းလို့ ပါးလေးတွေ ဆွဲသွားတဲ့သူတွေရှိသလို အနမ်းချွေသွားတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အနမ်းမိုးထဲမှာ မြင့်မြတ်တစ်ယောက် အပြုံးမပျက်ခဲ့တဲ့ ဗီဒီယိုလေးကိုလည်း ဓာတ်ပုံဆရာဉာဏရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ပေးခဲ့ပါတယ်။


ယခုရက်ပိုင်းထဲမှာ ခရီးသွားနေတဲ့ မြင့်မြတ်ရဲ့ ဗီဒီယိုဖိုင်လေးတွေက ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။ ပရိသတ်တွေရဲ့အရမ်းကို သဘောကျ နှစ်သက်ခဲ့တဲ့ ဗီဒီယိုဖိုင်က Kညီနဲ့ အတူတူ ကခဲ့တဲ့ ဗီဒီယိုဖိုင်ပါ။ ထားဝယ်ကနေ ရန်ကုန်ပြန်မယ့်အချိန်မှာ ပျော်ပြီး ကနေခဲ့တဲ့ ဗီဒီယိုဖိုင်က ပရိသတ်တွေကြား ကြည့်ရှုမှုနှုန်း တော်တော်များခဲ့တဲ့ ဗီဒီယိုတစ်ခုဖြစ်ခဲ့ပါတယ်။

Photo : မြင့်မြတ် FB

ကျရာဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ သရုပ်ဆောင် မြင့်မြတ်ဟာ “အမှောင်တွေရွာချတဲ့မိုးတိမ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ မြင့်မြတ်ဟာ လက်ရှိမှာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။သူနဲ့ မွေးနေ့တူတဲ့ သားလေးကို ပိုင်ဆိုင်ခွင့်ရထားတဲ့ မြင့်မြတ်က သားလေးကို ချစ်မဝဖြစ်လို့နေပါတယ်။ မြင့်မြတ်ရဲ့ သားလေးကို ဒီနေ့ သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က