ခြူးလေးက ပရိသတ်တွေရဲ့ Surprise ကြောင့် ပျော်လို့နေပါတယ်။ သူမရဲ့ အားလပ်ချိန်မှာ We Love တွေနဲ့အတူ ဖြတ်သန်းခဲ့ပုံလေးကို ကြည့်ရတာ ကြည်နူးဖို့ ကောင်းလှပါတယ်။
Photo : ခြူးလေး
သရုပ်ဆောင် ခြူးလေးဟာ ပရိသတ်တွေကို အရမ်းချစ်တတ်သူပါ။ အဲဒီလိုပဲ သူမကိုလည်း သူမရဲ့ Fan တွေက အရမ်းကို ချစ်ကြတာတွေ့ရပါတယ်။ ခြူးလေးအားတဲ့အချိန်တွေမှာဆိုရင် ပရိသတ်တွေနဲ့အတူ တွေ့ဆုံပြီး ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိပါတယ်။ အခုလည်း သူမ ပရိသတ်တွေရဲ့ Surprise ကြောင့် ခြူးလေးမှာ ပျော်ရွှင်လို့နေပါတယ်။
Photo : ခြူးလေး
“ချစ်ရတဲ့ ဝီဝီလေး တွေရေ ကျေးဇူးအများကြီးတင်ပါတယ်လို့ အဲ့နေ့က အဝေးရောက်နေလို့ မလာဖြစ်တဲ့ ဝီဝီလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်
Fan Shirt လေးလည်း ချစ်တယ်။ လက်ဆောင်လေးတွေလည်း တန်ဖိုးထားပါတယ် ။ ဂရုစိုက်အချစ်တွေပေးပြီး အမြဲ ပျော်အောင်ထားလို့လည်း ချစ်တယ် Chue We We များ” ဆိုပြီး မေလ(၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့နေ့လေးမှာ ခြူးလေးဟာ သီချင်းတွေလည်း အတူတူဆိုခဲ့ပြီး သူမရဲ့ အချိန်တွေကို ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာပါ။
Photo : ခြူးလေး
ခြူးလေး(Chue Lay) ဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပါပြီ။