မွေးနေ့အကြို အလှူတွေလည်း လုပ်ပေးခဲ့တာတဲ့။

သရုပ်ဆောင် ဇေရဲထက်က ပရိသတ်တွေရဲ့ Surprise ကြောင့် ပျော်လို့နေပါတယ်။ ဇန်နဝါရီ(၅) ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မတိုင်ခင်မှာ ပရိသတ်တွေက မွေးနေ့အကြို အလှူတွေ လုပ်ပေးခဲ့ပါသေးတယ်။

Photo : ဇေရဲထက် FB



သရုပ်ဆောင် ဇေရဲထက်က ပရိသတ်တွေရဲ့ Surprise ကြောင့် ပျော်လို့နေပါတယ်။ မကြာခင်မှာ ကျရောက်မယ့် သူရဲ့ မွေးနေ့မတိုင်ခင် ပရိသတ်တွေက မွေးနေ့ Surprise ပြုလုပ်ပေးခဲ့ကြတာပါ။ ဇန်နဝါရီ(၅) ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မတိုင်ခင်မှာ ပရိသတ်တွေက မွေးနေ့အကြို အလှူတွေ လုပ်ပေးခဲ့ပါသေးတယ်။

“အိမ်တောင်မတက်ရသေးဘူး ချစ်ညီမတွေကအိမ်ဖွင့်မွေးနေ့လာလုပ်ပေးသွားတယ်” ဆိုပြီး ဇေရဲထက်ရဲ့ ဖေ့်ဘွတ်မှာ ဇန်နဝါရီ (၄) ရက်နေ့က ရေးသားထာတာတွေ့ရပါတယ်။

Photo : ဇေရဲထက် FB

ဇေရဲထက်က မွေးနေ့မှာ သူရဲ့ အိမ်တက်မင်္ဂလာနဲ့ မွေးနေ့ပွဲလေး ပေါင်းပြီး လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခုလက်ရှိမှာလည်း သူနေချင်တဲ့အိမ်လေးပိုင်ဆိုင်ခွင့်ရပြီဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

“လူတစ်ယောက်အတွက် အရေးကြီးဆုံးက အိမ်ပါ။ ကျွန်တော်လေ ဒီတစ်လုံးလေးရဖို့ ၇နှစ်ကြာအောင်စုခဲ့ရတယ်။ ဖြူစင်စွာနဲ့ ကျွန်တော် ရှာခဲ့ပြီးရလာတဲ့အိမ်လေး ပြီးတော့ စိတ်ချမ်းသာမိတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးခဲ့တာဖြစ်ပါတယ်။

Photo : ဇေရဲထက် FB

ဇေရဲထက်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က