ချစ်သူများနေ့ မတိုင်ခင် ပရိသတ်တွေပေးတဲ့ လက်ဆောင်ကြောင့် သင်ဇာဝင့်ကျော်တစ်ယောက် အပျော်ကြီးပျော်လို့နေပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ကြာနေပါပြီ။
Photo: သင်ဇာဝင့်ကျော်
သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက် ပရိသတ်တွေ လုပ်ပေးခဲ့တဲ့ Surprise ကြောင့် ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ သူမရဲ့ အချစ်ရေးက လက်ရှိမှာ Single တစ်ယောက်ပါလို့ ဆိုပါတယ်။
‘’ဒီနေ့စောစောစီးစီး သူတို့လေးတွေကိုယ့်ကို Valentine’s Day အကြို surprise လာတိုက်ကြတယ်။ ပျော်တယ်ကွယ်။ ကျေးဇူးလဲအရမ်းတင်ပါတယ်’’ ဆိုပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာရေးသားခဲ့ပါတယ်။
Photo: သင်ဇာဝင့်ကျော်
သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ ဒီအတွက်ကြောင့် သူကိုယ်တိုင်က ရည်မှန်းချက်မထားတတ်သူတွေကို အထင်မကြီးတတ်တဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
‘’ရည်မှန်းချက်မရှိ ကြိုးစားချင်စိတ်မရှိ အပျော်အပါးပဲမက်ပြီး ယောင်လည်လည်လုပ်နေသူများကိုတော့ သင်ဇာက sorry ပါ။ အပြင်ကကိစ္စအသေးအမွှားလေးကိုတောင် မဖြေရှင်းနိုင်ဘဲ စိတ်ညစ်ပြီး ညည်းပြနေရင် အလုပ်မှာ ပြဿ နာတက်ရင်လည်း ဖြေရှင်းနိုင်မယ်မထင်။ ဒီနေ့တွေးမိတဲ့အတွေးလေးပါ။ မည်သူ့ကိုမှရည်ရွယ်ပြီးရေးခြင်းမဟုတ်’’ဆိုပြီးတော့ ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။
Photo: သင်ဇာဝင့်ကျော်
သရုပ်ဆောင် သင်ဇာဝင့်ကျော်က နှစ်တစ်နှှစ်အတွင်းမှာ သူမ ဖြစ်ချင်တဲ့အတိုင်းအတာတစ်ခု ရောက်တဲ့အထိ ကြိုးစားပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အတွက်လည်း လေးစားသင့်တဲ့သူကို လေးစားပြီး အတုယူတာမျိုးတွေ ရှိတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။
‘’လူဆိုတာဘဝမှာရည်မှန်းချက်ကိုယ်စီရှိကြမှာပါ။ သင်ဇာ့မှာလဲဘဝရည်မှန်းချက်ရှိတယ်။ အရမ်းကြီးလောဘမကြီးရင်တောင် ဒီတစ်နှစ်အတွင်းမှာ ကိုယ်ဖြစ်ချင်တဲ့ အတိုင်းအတာအထိဖြစ်အောင်ကြိုးစားတယ်။ အလုပ်လုပ်နိုင်တဲ့သူ လုပ်ချင်စိတ်ရှိတဲ့သူ အလုပ်ကြိုးစားသူမှန်သမျှကို လေးစားအားကျအတုယူတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။
Photo: သင်ဇာဝင့်ကျော်
သင်ဇာဝင့်ကျော်ကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပကလည်း ပရိသတ်တွေ ကြား ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။