အနုပညာအလုပ်တွေ မလုပ်တာ (၁၅)နှစ်လောက်ရှိသွားပေမယ့် အခုချိန်ထိ အားပေးကြတဲ့ ပရိသတ်တွေကြောင့် စမိုင်းလ်တစ်ယောက် အတိုင်းမသိပျော်လိုု့နေပါတယ်။ ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေ ထိုင်ကြည့်ရင်း ပီတိတွေ ဖြာနေခဲ့တာပါ။
သရုပ်ဆောင် စမိုင်းလ်ဟာ ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေကို ထိုင်ကြည့်ရင်း ပီတိတွေ ဖြစ်နေခဲ့တာပါ။ အနုပညာအလုပ်တွေ မလုပ်တာ (၁၅)နှစ်လောက်ရှိခဲ့တဲ့ သူမကို အခုချိန်ထိ အားပေးနေကြတဲ့ ပရိသတ်တွေ၊ ချစ်ခင်ပေးနေကြတဲ့ လူတွေ ရှိနေသေးတာကြောင့် အတိုုင်းမသိ ဝမ်းသာကြည်နူးရတယ်လို့ ဆိုပါတယ်။
“အရမ်းပင်ပန်းပေမဲ့ အရမ်းပျော်တယ် အနုပညာအလုပ်မလုပ်တာ ၁၅နှစ်လောက်ရှိပေမယ့် အခုထိ ချစ်ခင်အားပေးပေးတဲ့လူတွေ ရှိနေတဲ့အတွက်အတိုင်းမသိ ဝမ်းသာကြည်နူူးရပါတယ် ချစ်ပေးကြတဲ့သူတွေအားလုံး ကျေးဇူးအထူးပါနော် သန်ဘက်ခါ မန္တလေးမှာတွေ့မယ်နော်။ “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁၀) ရက်နေ့က ရေးသားခဲ့တာပါ။
စမိုင်းလ်ဟာ ဖေဖော်ဝါရီ(၁၀) ရက်နေ့က သူမရဲ့ “ဝသောသူကိုကြင်နာပါ”ဆိုတဲ့ စာအုပ်ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ စာအုပ်မိတ်ဆက်ပွဲကို Junction City မှာ ပြုလုပ်ခဲ့တာ ဒီစာအုပ်မိတ်ဆက်ပွဲဟာ စမိုင်းလ်နဲ့ ပရိသတ်တွေကို နှစ်အတော်ကြာမှာ ပြန်လည်တွေ့ဆုံစေခဲ့တဲ့ ပွဲဆိုလည်း မမှားပါဘူး။
စမိုင်းလ်က စာအုပ်ထဲမှာ ဝနေတဲ့အချိန်မှာ သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပြောင်းလဲဖို့အတွက် ဘယ်လို ကြိုးစားခဲ့ရလဲဆိုတဲ့ အကြောင်းတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကိုတော့ ဈေးဝယ်စင်တာတိုင်းမှာလည်း ဝယ်ယူလို့ ရသလို အွန်လိုင်းကနေတဆင့်လည်း မှာယူနိုင်တယ်လို့ ဆိုပါတယ်။
အခုဆိုရင် စမိုင်းလ်(Smile)ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် အလှူအတန်း တွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်