လက်ဆောင်လေးတွေက ချစ်စရာလေး။

နေမကောင်းဖြစ်နေတဲ့ ချစ်သုဝေတစ်ယောက် ပရိသတ်တွေပေးတဲ့ လက်ဆောင်ကြောင့် အရမ်းကို ပျော်နေခဲ့ရပါတယ်။ပရိသတ်တွေ ပေးတဲ့ လက်ဆောင်လေးတွေကလည်း ချစ်စရာလေးတွေနော်။

 

Photo : ချစ်သုဝေ



ချစ်စရာကောင်းတဲ့ လက်ဆောင်လေးတွေကြောင့် ချစ်သုဝေတစ်ယောက် ပျော်လို့နေပါတယ်။ သူနေမကောင်းဖြစ်နေချိန်မှာ ပရိသတ်တွေက ဂရုတစိုက်နဲ့ ပန်းတွေနဲ့လက်ဆောင်လေးတွေ ပေးခဲ့တာပါ။ ပရိသတ်တွေပေးတဲ့ လက်ဆောင်လေးတွေထဲမှာ Handmade အရုပ်လေးတွေလည်း ပါတာတွေ့ရပါတယ်။ သူမတို့ မိသားစု ပုံစံလေးအတိုင်း တူအောင် handmade လေးလုပ်ထားတာပါ။

“ချစ်ရတဲ့ အချစ်ကလေးရဲ့ggလေးတစ်ချို့ရဲ့ အချစ်တွေ နေမကောင်းလို့တဲ့ လက်ဆောင်လေးတွေပို့ကြတာ ချစ်လိုက်တာ” ဆိုပြီး ဇွန်လ(၁၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားခဲ့ပါတယ်။

Photo : ချစ်သုဝေ

ချစ်သုဝေကိုယ်တိုင်လည်း ပရိသတ်တွေ ပေးတဲ့ အရုပ်လေးတွေကို သဘောကျလို့နေပါတယ်။ ချစ်သုဝေက လက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေတာဖြစ်သလို မိသားစုအပေါ်မှာလည်း တာဝန်ကျေတဲ့ ဇနီးတစ်ယောက်၊ သမီး နှစ်ယောက်အပေါ်မှာ အရမ်းကောင်းတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် ခေတ်သစ် ဖောင်ဒေးရှင်းကိုလည်း ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့ အတူ ဦးဆောင်နေတာ တွေ့ရပါတယ်။ ဖောင်ဒေးရှင်းကနေ အောင်အောင်မြင်မြင် ဆေးကုသပေးနိုင်ခဲ့တဲ့ မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်လည်း သူမက ပီတိတွေဖြစ်လို့နေပါတယ်။

Photo : ချစ်သုဝေ

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က