စိတ်မကောင်းဖြစ်လို့ နေပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် သက်မွန်မြင့်ဟာ သူမကြောင့် ပရိသတ်တွေအပြောခံရတာကိုမြင်ပြီး စိတ်မကောင်းဖြစ်လို့ နေပါ တယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေကို သူမအနေနဲ့ ပြန်တောင်းပန်ထားတာတွေ့ရပါတယ်။



Photo : သက်မွန်မြင့် FB

 

ပရိသတ်တွေရဲ့ အချစ်တော် သက်မွန်မြင့်ဟာ သူမကြောင့် ပရိသတ်တွေအပြောခံရတာကိုမြင်ပြီး စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒီရက်ပိုင်း မှာ အနုပညာရှင်တော်တော်များများဟာ သူတို့ရဲ့ ကျွမ်းကျင်ရာပုံစံလေးတွေကို လုပ်ပြပြီး ပရိသတ်တွေကိုအပျော်သဘောနဲ့ Challenge လေးတွေခေါ်ပြီး စနောက်နေကြတာလေးတွေ ရှိပါတယ်။

အဲ့ဒီထဲမှာပါ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် သက်မွန်မြင့်က လည်း သူမရဲ့ လုပ်တတ်တဲ့ မျက်နှာအမူအယာလေး တစ်ခုနဲ့ ပရိသတ်တွေကို အပျော်သဘောနဲ့စနောက်ခဲ့ပါတယ်။

 

သူမရဲ့ ပရိသတ်တွေကလည်း သူမက Challenge ခေါ်ထားတဲ့အတိုင်း ပုံစံလေးတွေလုပ်ပြီး သူမတင်ထားတဲ့ပုံရဲ့အောက်မှာ ကောမန့်လေး တွေပေးပြီး ပရိသတ်တွေနဲ့ ရင်းနှီးပျော်ရွှင်စွာ စကားပြော ဆော့ခဲ့ကြပါတယ်။သက်မွန်နဲ့ ပရိသတ်တွေ စနောက်နေရင်းမှာ Troller လို့ယူဆ ရတဲ့ လူတစ်ယောက်ဟာ သက်မွန်ခေါ်ထားတဲ့ Challenge ပို့စ်အောက်မှာ သက်မွန်ကို photo ကောမန့်ပေးပြီး Troll ခဲ့တာတွေ့ရပါတယ်။

Photo : သက်မွန်မြင့် FB

သူမနဲ့ သူမရဲ့ ပရိသတ်တွေကို Troll ထားတဲ့ ဓာတ်ပုံတစ်ပုံကြောင့် သက်မွန်တစ်ယောက် တော်တော့်ကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို အနူးအညွှတ်တောင်းပန်ထားတာတွေ့ရပါတယ်။

"ဒါကို မြင်တော့ ရင်ထဲ တော်တော်ကျင်သွားတယ်။ စိတ်မကောင်းလိုက်တာဆိုတာ.ကိုယ်က ပျော်စေချင်လို့ စတာ, အကုန်လုံးကလည်း မွန့်ကို ချစ်ကြလို့လေ.ဒါကို ဒီစကားလုံး သုံးပြီး ဒါမျိုးလုပ်တော့ ဘယ်လို လုပ်ပေးရမှန်းမသိဘူး.။ဒီကနေပဲ အားလုံး အားလုံးကို မွန် အနူးအညွတ် တောင်းပန်ပါတယ်နော် ။မွန့်ကြောင့် ဒီလို အပြောခံရတာ တကယ် စိတ်မကောင်းပါဘူး။တောင်းပန်ပါတယ်ရှင်" ဆိုပြီး သြဂုတ်လ(၂၆) ရက်နေ့ က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : သက်မွန်မြင့် FB

 

သူမရဲ့ ပရိသတ်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်မကောင်းမဖြစ်ဖို့နဲ့ သက်မွန်ကို ချစ်လို့ အားလုံးလုပ်ခဲ့တာဖြစ်ပြီး သက်မွန်အနေနဲ့ ပရိသတ်တွေကိုတောင်းပန်စရာမလိုကြောင်း Troll ထားတဲ့ပို့စ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းမနေဖို့ သူမကို ပရိသတ်တွေက အားပေးထားတာ တွေ့ရပါတယ်။သက်မွန်ဟာ ယခုလက်ရှိမှာရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ပြန်လည်ရိုက်ကူးလာတာတွေ့ရပါတယ်။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က