ပရိသတ်တွေကို ချစ်တာ ။

ပရိသတ်တွေရဲ့ အချစ်တော် သက်မွန်မြင့်က ရာသီဥတု အပြောင်းအလဲကြောင့် ပရိသတ်တွေကို ကျန်းမာရေးဂရုစိုက်ဖို့ ပြောထားတာပါ ။

Photo : သက်မွန်မြင့် FB



သရုပ်ဆောင် သက်မွန်မြင့်က သူ့ရဲ့ ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ဖို့ ပြောထားတာလေး တွေ့ရပါတယ်။ သူကိုယ်တိုင် နေသိပ်မကောင်းပေမယ့် ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ဖို့ သတိတရ ပြောပြလာတာလေးက ချစ်ဖို့ ကောင်းလှပါတယ်။

ဆောင်းတွင်းမိုး အေးစိမ့်လို့အိပ်ယာထဲ လဲနေသူက ကျန်းမာရေး ဂရုစိုက်ကြဖို့ ပြောပါရစေ မှတ်ချက်- အိပ်ရေးပျက်ပြီး ခေါင်းကိုက်လို့ အိပ်နေခြင်းသာ.. စိတ်ပူရန်မဟုတ်အပျင်းရောဂါပြောလည်း ရပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၉) ရက်နေ့က ရေးသားထားတာပါ။

Photo : သက်မွန်မြင့် FB

သူမကိုယ်တိုင် နေသိပ်မကောင်းပေမယ့်လည်း ပရိသတ်တွေ စိတ်ပူမှာစိုးလို့ စနောက်ပြီး ပြောထားပါသေးတယ်။သက်မွန်မြင့်ဟာ အနုပညာအလုပ်တွေလုပ်ရင်း သားနဲ့သမီးကိုလည်း အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။

သက်မွန်မြင့်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး အားချစ်နဲ့ သမီးငယ်လေး လဝန်းမေ ဆိုတဲ့ သားသမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူပါ။ အခုဆိုရင် သမီးငယ်လေး လဝန်းမေက စကားပြောတတ်နေပြီတဲ့။

Photo : သက်မွန်မြင့် FB

သမီးလေး စကားစပြောတတ်တဲ့ အချိန်တုန်း က အမှတ်တရတွေ၊ မေမေ လို့ခေါ်ပြီး သူ့ကိုလည်း စနောက်တတ် တဲ့ အကျင့်လေးတွေကိုလည်း သက်မွန်မြင့်က ပြောပြဖူးပါတယ်။

'' ဒိုင်း ဆိုပြီးတော့ သေနတ်ပစ်တာပေါ့။ အစ်ကိုတွေနဲ့ ဆော့နေရင် သေနတ်ပစ်ဆိုတော့ ဒိုင်း အဲ့ဒါစစချင်းပြောတာ။ ဒိုင်း လို့ ပြောပြီးတော့ မေမေ လို့ စခေါ်တယ်။ မေမေလို့ စခေါ်ကတည်းက ဒီကောင်မလေးက နည်းနည်း မျက်နှာပြောင်တယ်။ သူများကို သိပ်စတတ်တယ်။ မေမေ ခေါ်တာတောင်မှ မေမေလို့ ခေါ်ပြီး ပုန်းသွားလိုက်ပေါ့ အဲ့ဒီလို အမှတ်တရလေးတော့ ရှိတယ်'' လို့ ဆိုပါတယ်။        

Photo : သက်မွန်မြင့် FB

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က