မန်ယူနဲ့ပွဲစဉ်ကတည်းက ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာပါ။

အာဆင်နယ်ကြယ်ပွင့် အူဘာမီယန်းဟာ ကြာသပတေးနေ့မှာ ရန်းနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ၎င်းရဲ့ စူပါဟီးရိုး မျက်နှာဖုံးအသစ်ကို ထုတ်ဖော်ပြသဖို့အတွက် မျှော်လင့်နေတယ်လို့ သိရပါတယ်။


အာဆင်နယ်အသင်းဟာ ပထမအကျော့မှာ ရန်းနက်စ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့့်ခဲ့ပြီး ယူရိုပါလိဂ်ကနေ ထွက်ခွာရဖို့ သေချာသလောက်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ယခုရာသီ ယူရိုပါလိဂ် ၆ ပွဲမှာ ၂ ဂိုး သွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ အောင်ပွဲခံပုံအသစ်ကို ပြသဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းရဲ့ပင်နယ်တီသွင်းဂိုးကြောင့် အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂိုးသွင်းယူပြီးနောက် ၎င်းစီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ကြောင်း အူဘာမီယန်းက ပြောပြခဲ့ပါတယ်။

“ကျွန်တော့်မှာ အထူးအောင်ပွဲခံဖို့ အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် မျက်နှာဖုံးရှာလို့မတွေ့ခဲ့ပါဘူး”လို့ ပွဲပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ကျွန်တော် အသင်းရဲ့ဝန်ထမ်းတွေကို ဂိုးပိုက်အနောက်မှာ ထည့်ထားဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ပင်နယ်တီသွင်းပြီးတဲ့အချိန်မှာ ရှာလို့မတွေ့တော့ပါဘူး။ ဒါပေမယ့် စိတ်မပူပါဘူး။ နောက်တစ်ကြိမ်ကျရင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က