''ဝက်ဝက်ကွဲအောင်ပွင့်'' ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ရမှာပါ။

သရုပ်ဆောင် ဥက္ကာမင်းမောင်က ‘’ဝက်ဝက်ကွဲအောင်ပွင့်’’ ရုပ်ရှင်ဇာတ်ကားကြီးထဲက သူ့ရဲ့ ဇာတ်ဝင်ခန်းကအတိုင်း Tik Tok Challenge လေးဆော့ဖို့ ပရိသတ်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီ ဇာတ်ဝင်ခန်းကလည်း ပရိသတ်တွေ အားပေးမှုရရှိထားတဲ့ ဇာတ်ဝင်ခန်းလေးပါ။

Photo: ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်က သူ့ရဲ့ ပရိသတ်တွေအတွက် Tik Tok Challenge ပြိုင်ပွဲတစ်ခု စီစဉ်ထားတယ်လို့ ဆိုပါတယ်။ Tik Tok လုပ်ရမယ့် ဗီဒီယိုဖိုင်လေးကိုလည်း အခုလို မိတ်ဆက်ပြောပြခဲ့ပါတယ်။

‘’သရုပ်ဆောင်ဝါသနာပါသူများအတွက် ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်သရုပ်ဆောင်ထားတဲ့ teaser trailer မှ ဇာတ်ဝင်ခန်းရဲ့ Tik tok challenge ပြိုင်ပွဲလဲရှိတယ်နော်။ မိန်းကလေးရော ယောင်္ကျားလေးရောပြိုင်လို့ရပါတယ်။ ဥက္ကာမင်းမောင်၏ သရုပ်ဆောင်မှူနဲ့ ထပ်တူ သရုပ်ဆောင်နိုင်တဲ့ သူတွေက ဆုကြေးတွေရမယ့် အစီအစဉ်တွေရှိပါတယ်။ official page ကို ဝင်ကြည့်ပြီး ပြိုင်ပွဲဝင်ရမယ့် ပုံစံကို ကြည့်ရှုနိုင်ပါတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: ဥက္ကာမင်းမောင်

‘’ဝက်ဝက်ကွဲအောင်ပွင့်’’ ဆိုတဲ့ ဇာတ်ကားထွေလာကိုတော့ ဒီရုပ်ရှင်ဇာတ်ကားကြီး ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်က တင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားက LGBT တွေအတွက် စိတ်ကျေနပ်စေမယ့် ဇာတ်ကားဖြစ်မယ်လို့လည်း ဥက္ကာမင်းမောင်က ပြောပြထားပါသေးတယ်။

‘’ထွေလာမှာတင်ထားတဲ့ ကျွန်တော် မိန်းမလိုဝတ်ထားတဲ့ ဇာတ်ဝင်ခန်းကလည်း တကယ်က အရွဲ့တိုက်တဲ့ ဇာတ်ဝင်ခန်းပါ။ ကျွန်တော့်အကြောင်းသိနေတဲ့သူတွေကတော့ ဥက္ကာ ချစ်စရာလေးလို့ပြောကြတယ်။ မသိတဲ့ သူတွေကြတော့ ကျွန်တော့်ကို ဒီလို ဇာတ်ရုပ်တွေရိုက်တယ်ဆိုပြီးတော့ အထင်လွဲကြတယ်။ အဲ့ဒီအတွက် တောင်းပန်ပါတယ်။ တကယ်ရုံတင်လို့ သွားကြည့်ရင်တောင် LGBT တွေက တကယ်ကျေနပ်တယ် ဆိုပြီးတော့တောင်ဖြစ်သွားလိမ့်မယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ဥက္ကာမင်းမောင်

‘’ဝက်ဝက်ကွဲအောင်ပွင့်’’ ရုပ်ရှင်ဇာတ်ကားကြီးကို ပိုပိုရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရန်အောင်၊ ပြေတီဦး၊ ဥက္ကာမင်းမောင်၊ ထွန်းလွင်အောင်၊ ဝေလျှံ၊ မင်းဇေ၊ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့်မောင်၊ ဝတ်မှုံရွှေရည်၊ ယွန်းရွှေရည်၊ နန်းခင်ဇေယျာ နဲ့ ရွှေပိုးအိမ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားပါသေးတယ်။

Share

Loading Next Article...
က္က