Fan meeting လုပ်တော့မယ်တဲ့။

အနုပညာ နှစ်(၂၀) ခရီးမှာ ပထမဆုံးလုပ်ဖြစ်တဲ့ Fan meeting လေးဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ တွေ့ဆုံရတော့မှာမို့ သက်မွန်တစ်ယောက် ရင်တွေခုန်နေပါပြီတဲ့။

 

Photo : သက်မွန်မြင့်



ပရိသတ်တွေရဲ့ အချစ်တော်လေး သက်မွန်မြင့်က မကြာခင်မှာ သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်လို့နေပါတယ်။ သူမရဲ့ အနုပညာခရီးလမ်း နှစ်(၂၀)အတွင်း ပရိသတ်တွေနဲ့ ပထမဆုံး တွေ့ဆုံတဲ့ ပွဲလေး ဖြစ်တယ်လို့ ဆိုပါတယ်။

 “အိပ်မက်မက်သလိုပါပဲ ဒါပေမဲ့ တကယ် ဖြစ်လာခဲ့ပြီ။ ရင်တွေလည်း ခုန်နေပါပြီ။ နှစ် ၂၀ ခရီးမှာ ပထမဆုံးလုပ်ဖြစ်တဲ့ ချစ်သူတွေ တွေ့ဆုံပွဲ ပျော်စရာကောင်းတဲ့ အမှတ်တရကျန်ရစ်မယ့်တွေ့ဆုံပွဲလေး ဖြစ်ပါစေလို့.. “ လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇွန်လ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : Amazing Grace

သူမရဲ့ ပရိသတ်တွေကလည်း သူမနဲ့တွေ့ဆုံရတော့မှာမို့ ပျော်နေကြပါတယ်။ ချစ်သက်လေးနဲ့ တွေ့ဆုံမယ့် ရက်လေးကို စောင့်မျှော်နေတယ်ဆိုပြီး သူမရဲ့ ပို့စ်အောက်မှာမှတ်ချက်တွေ ပေးထားကြပါတယ်။

က်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Photo : Amazing Grace

သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က