ပရိသတ်တွေနဲ့ ချိန်းထားပြီးမှ မလာနိုင်ခဲ့တာပါ။
 

သရုပ်ဆောင် မြင့်မြတ်ဟာ ဒီနေ့(ဇွန်လ၂၉ရက်)မှာ ပြုလုပ်တဲ့ ငဒူဇာတ်ကား Press Show သို့ ရောက်မလာနိုင်ခဲ့ပါဘူး။ငဒူဇာတ်ကား အထူးပွဲ ပြသတဲ့နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ချိန်းထားခဲ့ပေမယ့်လည်း ပြင်ဦးလွင် ရောက်နေတဲ့ မြင့်မြတ်ဟာ ရာသီဥတု အခြေအနေကြောင့် ရန်ကုန်သို့ အချိန်မီ ပြန်မရောက်လာနိုင်တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ပြောထားပြီးမှ မရောက်လာနိုင်ခဲ့တဲ့အတွက် မြင့်မြတ်တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ပရိသတ်တွေနဲ့ လည်းမတွေ့ရလို့ စိတ်မကောင်းဖြစ်နေသလို မီဒီယာသမားများကိုလည်း အားနာကြောင်း Duwun Media သို့ ပြောပြခဲ့ပါတယ်။

ရုံမတင်ခင်မှာပဲ နမူနာဗွီဒီယိုကို ကြည့်ရှုတဲ့အကြိမ်ရေ ၃ သန်းကျော်တဲ့ထိ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ငဒူရုပ်ရှင် 

သူမရောက်လာနိုင်ပေမယ့်လည်း ငဒူရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှု ဝေဖန်ပေးဖို့အတွက် မြင့်မြတ်က ပြောထားပါသေးတယ်။ ငဒူ ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ(၂၉) ရက်နေ့ကစပြီး ရုံတင်ပြသတော့လျက် ရှိပါတယ်။

ငဒူ ရုပ်ရှင်ဇာတ်ကားဟာ ကိုယ်တိုင်မိဘမဲ့တစ်ယောက်ဖြစ်သလို မိဘမဲ့ကလေးတွေအပေါ် စေတနာကြီးမားလွန်းပေမယ့် ဉာဏ်ပညာနည်းပါး လို့အလွဲတွေလုပ်မိတတ်တဲ့ ငဒူအကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားတာကြောင့် ဒီရုပ်ရှင်ကားကနေတစ်ဆင့် မိဘမဲ့ကလေးတွေ အတွက် တစ်ထောင့်တစ်နေရာကနေအထောက်အကူပြုဖို့  ငဒူရုပ်ရှင်အဖွဲ့သားတွေနဲ့ အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။

 

ထုတ်လုပ်ရေးကနေ ရည်မှန်းထားတဲ့အတိုင်း ဒီနေ့(ဇွန်လ၂၉ရက်) ရုံစတင်တဲ့နေ့မှာတင် မိဘမဲ့ကလေးတွေအတွက် စတင်လှူဒါန်းခဲ့ပါတယ်။ ဒီနေ့မှာ မိဘမဲ့ကလေးတွေကို ကနဦးအလှူငွေအဖြစ် သိန်း(၂၀)ကို ရုပ်ရှင်စတင်မပြသမီမှာ လှူဒါန်းခဲ့ပါတယ်။ ဒါဟာ ကနဦးအနေနဲ့ လှူဒါန်းတာဖြစ်ပြီး နောက်ထပ်လည်း ထပ်မံလှူဒါန်းသွားဦးမှာပါ။ငဒူ ရုပ်ရှင်ဇာတ်ကားကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေထဲငွေကျပ် သိန်း(၁၀၀) အထိကိုလည်း မြင့်မြတ်နဲ့အတူ ငဒူ ရုပ်ရှင်ဝိုင်းတော် သားတွေ ကိုယ်တိုင် မိဘမဲ့ကလေးတွေဆီ သွားရောက်လှူဒါန်းဦးမှာ ဖြစ်ပါတယ်။

ငဒူရုပ်ရှင်ဇာတ်ကားဟာ ဦးနှောက်မကြီးဘဲ နှလုံးသားကြီးလွန်းတဲ့ ငဒူအကြောင်းကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားကာ ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်တွေ ဖြစ်တဲ့ မြင့်မြတ်၊ ရွှေမှုန်ရတီ နဲ့ နန်းဆုဦးတို့အပြင် ဇာတ်ပို့၊ဇာတ်ရံတွေနဲ့ အားဖြည့်ထားတာကြောင့် မြန်မာရုပ်ရှင် ချစ်ပရိသတ်တွေအကြိုက်တွေ့မယ့် ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်လာမှာ သေချာသလောက်ပါပဲ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က