၁၅ နှစ်တောင် တိုင်ခဲ့ပါပြီ။

အသက်(၁၈)နှစ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်လာတဲ့ စိုင်းစိုင်းဟာ အခုဆိုရင် ဂီတလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။  ၁၅နှစ်တိုင်တိုင် သူ့ရဲ့ မွေးနေ့ကိုလည်း ပရိသတ်တွေနဲ့အတူ ဖြတ်သန်းလာခဲ့တာဆိုရင် အခုဆိုရင် (၁၅)နှစ်ပြည့်တော့မှာပါ။

 

Photo : စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်က အနုပညာလောကထဲကို အသက် ၁၈ နှစ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး အသက် ၄၀ အရွယ်ရောက်တဲ့အချိန်အထိ သူ့ရဲ့ အောင်မြင်မှုတွေက ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ၁၅နှစ်တိုင်တိုင် သူ့ရဲ့ မွေးနေ့ကိုလည်း ပရိသတ်တွေနဲ့အတူ ဖြတ်သန်းလာခဲ့တာဆိုရင် အခုဆိုရင် (၁၅)နှစ်ပြည့်တော့မှာပါ။

ဒီလိုမျိုး ပရိသတ်တွေနဲ့အတူ (၁၅)နှစ်နီးပါး ဖြတ်သန်းလာခဲ့တဲ့ ဖြတ်သန်းမှုလေးတစ်ခုကို စိုင်းစိုင်းက နာမည်လေး ပေးထားပါသေးတယ်။

ကျွန်တော်နဲ့ပရိသတ်တွေကြားတဲ့က ပတ်သက်ဆက်နွယ်မှုကို  Sentimental Relationship လို့ရိုးရိုးလေးနာမည်ပေးထားတယ် ။ ၁၅ နှစ်တိုင်ခဲ့ပေါ့”ဆိုပြီး စိုင်းစိုင်းရဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : စိုင်းစိုင်း

မကြာခင် မှာ စိုင်းစိုင်းရဲ့ အသက်(၄၀) ပြည့် Birthday Show ကြီးကို ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ စိုင်းစိုင်းအနေနဲ့ အသက်(၁၈)နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Birthday Show ကနေ အသက် ၆၄ နှစ်ပြည့် Birthday Show အထိ ပရိသတ်တွေနဲ့အတူတူ ပျော်ချင်တဲ့အကြောင်း ပြောပြလာပါတယ်။

 ဖြစ်နိုင်ရင်တော့ ကျွန်တော့် အသက် ၆၄ နှစ်ပြည့် မွေးနေ့အထိ ကျွန်တော့် ပရိသတ်တွေနဲ့ ဆင်နွှဲချင်သေးတာပါ’’ လို့ မတ်လ ၁၈ ရက်နေ့က Birthday Show စာနယ်ဇင်းပွဲမှာ ပြောပြထားတာပါ။

Photo : စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၄၀ ပြည့် Birthday Show ပွဲကြီးကိုတော့ ဧပြီလ ၁၀ ရက်နေ့ သုဝဏ္ဏဘူမိEvent Park မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ တက္ကသိုလ် စာမေးပွဲတွေ ပြီးတဲ့အချိန် မတ်လ ၃၀ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုင်းစိုင်းခမ်းလိှိုင်ရဲ့ Birthday Show လက်မှတ်များကို မတ်လ(၃၀) ရက်နေ့စတင်ပြီး မြန်မာပလာဇာမှာ ပြုလုပ်မယ့် AYA X ပွဲမှာ စတင်ဝယ်ယူလို့ရပါပြီ။ အဲ့ဒီပွဲမှာ ဝယ်ယူဖို့ အဆင်မပြေနိုင်တဲ့ ပရိသတ်တွေအနေနဲ့ OMG နဲ့ Genius ၊ မန်းသီရိတို့မှာ ဝယ်ယူလို့ ရနိုင်ပါတယ်။ လက်မှတ်တွေကို တစ်သောင်းနှစ်ထောင်ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး VIP လက်မှတ်ကိုတော့ သုံးသောင်းသတ်မှတ်ထားတယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။

Share

Loading Next Article...
က္က