အရိပ်ရသစ်ပင်တွေလည်း အများကြီးပါဝင်ပါတယ်။

စိုးမြတ်သူဇာဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းမှာ ပျော်ပျော်ပါးပါး သစ်ပင်စိုက်ခဲ့ပါတယ်။ သူမနဲ့ အတူ Green Makers အဖွဲ့သားတွေကလည်း ပါဝင်ခဲ့ကြပါသေးတယ်။

Photo: Green Makers - Hinthada



သရုပ်ဆောင် စိုးမြတ်သူဇာက Green Makers အဖွဲ့သားတွေနဲ့ အတူ သစ်ပင်တွေ စိုက်ပျိုးခဲ့တာ တွေ့ရပါတယ်။ သူမကိုယ်တိုင်လည်း သစ်ပင်စိုက်ရင်းနဲ့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

‘’အကယ်ဒမီ စိုးမြတ်သူဇာ၊ တက္ကသိုလ်မှ ကင်းထောက်မောင်မယ်များ နှင့် GMH အဖွဲ့သားများ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းအတွင်းမှာ သစ်ပင်တွေ စိုက်ခဲ့ကြပါတယ်။ ပိတောက် (၆) ပင်၊ ဗန်ဒါ (၄) ပင်၊ တပေဘူတ (၂) ပင်၊ သရက် (၁၀) ပင်၊ မယ်ဇယ် (၇) ပင်၊ ရေတမာ (၄) ပင်၊ ပန်းချယ်ရီ (၄) ပင်၊ အုန်းပင် (၁၁) ပင်၊ မယ်ဇလီပင် (၂၂) ပင်၊ စိန်ပန်း (၂) ပင်၊ ပေါက်ပန်းဖြူ (၂) ပင် စိုက်ပျိုးခဲ့ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Green Makers - Hinthada

အဲဒီနောက် အရိပ်ရ သစ်ပင်တွေ၊ အသီးသီးတဲ့အခါမှာ စားလို့ရတဲ့ အပင်တွေကိုလည်း စိုးမြတ်သူဇာနဲ့အတူ Green Makers အဖွဲ့နဲ့အတူ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

‘’သရက် (၂) ပင်၊ မဟော်ဂနီ (၆) ပင်၊ မယ်ဇယ် (၃) ပင်၊ ရေတမာ (၁) ပင်၊ ဗန်ဒါ (၁) ပင်၊ မယ်ဇလီ (၃) ပင်၊ ပန်းချယ်ရီ (၁) ပင်၊ ပေါက်ပန်းဖြူ (၁) ပင်၊ ရဲယိုပင် (၁) ပင် ပေးလှူခဲ့ပါတယ်’’ ဆိုပြီးတော့ Green Makers – Hinthada ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က ရေးသားထားတာတွေ့ရပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Green Makers - Hinthada

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။

Photo: Green Makers - Hinthada

အခုလက်ရှိမှာလည်း စိုးမြတ်သူဇာဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူ တစ်ယောက်ပါ။ ဒါ့အပြင် စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့နဲ့ အတူပေါင်းပြီး ‘’မင်းသမီး ပိုးထည်တိုက်’’ ဆိုတဲ့ ပိုးထည်ဆိုင်ကို ဖွင့်ထားတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က