တစ်ယောက် တစ်နေရာစီကနေ လာပြိုင်ကြတာပါ။

ပိုးကြာဖြူခင် နဲ့ သူမရဲ့ ပရိသတ်တွေအတူ ပူးပေါင်းပြီး ‘’ မိသားစု’’ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ သူမဟာ ပရိသတ်အခိုင်အမာ ရရှိနေပြီဖြစ်ပါတယ်။

Photo: ပိုးကြာဖြူခင်

သရုပ်ဆောင် ပိုးကြာဖြူခင်က သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ အတူ ‘’ မိသားစုပြိုင်ပွဲ’’ မှာ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ အဝေး တစ်နေရာကနေ ရောက်လာတဲ့ ပရိသတ်လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ကြပါတယ်။

‘’ပါဝါရိန်းဂျားလေးကောင် မိသားစုပြိုင်ပွဲ ပြိုင်နေပါပြီ။ အဖွဲ့နာမည်က PFC— Poe Kyar Phyu Khin Fan Club ကိုယ်က ရန်ကုန်က Bayin Lay က လှည်းကူးက Eaint Hay Mang Htun နဲ့ Chaw Moh Moh Khin က မန်းလေးက တစ်ယောက်တစ်နေရာဆီက real fans လေးတွေနဲ့ တူတူပြိုင်ရမှာပါ အားပေးကြပါဦး’’ ဆိုပြီးတော့ မေလ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ မိသားစုပြိုင်ပွဲဟာ Channel 7 က ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး အနုပညာရှင် တော်တော်များများက ပါဝင်ယှဉ်ပြိုင်လျှက်ရှိပါတယ်။

Photo: ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကပါစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

Photo: ပိုးကြာဖြူခင်

သူမက အခုဆိုရင် ပရိသတ် အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင် မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးတာ များတဲ့အတွက်ကြောင့် ဇာတ်လမ်းတွဲ မင်းသမီးလေး လို့တောင် ခေါ်ကြတာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၅ နှစ်ခန့် ရှိနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က