ဆေးရှိန်တွေနဲ့ ပင်ပန်းနေတဲ့ လူမမာတွေကို အရမ်းသနားမိတယ်တဲ့။

သရုပ်ဆောင် သွန်းဆက်က ရန်ကုန်ကလေးဆေးရုံကြိး သွေးနှင့်ကင်ဆာဌာနမှာ ဒီဇင်ဘာ(၂၃) ရက်နေ့က ပရိသတ်တွေနဲ့အတူ အလှူသွားလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo : သွန်းဆက် FB

သရုပ်ဆောင် သွန်းဆက်ဟာ ကင်ဆာရောဂါခံစားနေရတဲ့ မိခင်ကို အနီးကပ်ပြုစုရင်း ဆေးဒဏ်တွေနဲ့ ပင်ပန်းနေတဲ့ လူမမာတွေကို အရမ်းသနားမိတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် မိခင်သက်သာလာတဲ့အချိန်မှာ ရန်ကုန်ကလေးဆေးရုံကြီး သွေးနှင့် ကင်ဆာဌာနမှာ အလှူသွားလုပ်ခဲ့တယ်လို့ သူမက ဆိုပါတယ်။

Photo : သွန်းဆက် FB

“ကင်ဆာရောဂါဆိုတဲ့ နာမည်ကြားရုံနဲ့ကြောက်စရာကောင်းလှတဲ့ ဒီရောဂါ ဆေးနိုင်နိုင် မကုနိုင်ရင် သေမယ့်နေ့ကို ထိုင်စောင့်နေရမယ့်ရောဂါ ...

ဆေးအရှိန် ဆေးတွေပြင်းလွန်းသောကြောင့် ရှိသမျှဆံပင်တွေအကုန်ကျွတ်ပီး လူမမာတွေအရမ်းပန်းတဲ့ရောဂါ...ကိုယ့်အမေကိုယ်တိုင်လက်တွေ့ခံစားရတဲ့အချိန်မှာ ကင်ဆာရောဂါဝေဒနာလူမမာတွေခံစားရတာတွေ ကိုယ်တိုင်အမေ့ကိုအနီးကပ်ပြုစုခဲ့ရလို့ ဒီရောဂါ ဒီဆေးအရှိန်ဒဏ်တွေနဲ့ပင်ပန်းနေတဲ့လူမမာတွေကို အရမ်းသနားမိလာတယ်.။အဲ့ဒါကြောင့် အမေလဲ သက်သာလာတော့ စိတ်ထဲမှာကင်ဆာဖြစ်တဲ့ဆေးရုံကိုအလှူလုပ်ချင်လာလို့ ရန်ကုန်ကလေးဆေးရုံကြီး သွေး နှင့် ကင်ဆာဌာနမှာ အလှူသွားလုပ်ခဲ့ပါတယ်...” ဆိုပြီး ဒီဇင်ဘာ(၂၄) ရက်နေ့ကသူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : သွန်းဆက် FB

လူကြီးတွေတောင် ဆေးဒဏ်တွေကြောင့် အရမ်းပင်ပန်းနေရင် နုနယ်တဲ့ ကလေးတွေဆိုရင် ဒီထက် ပိုပြီး ပင်ပန်းမှာကို ရင်ထဲမှာ မကောင်းဘူးလို့ သူမက ဆက်လက်ပြောထားပါသေးတယ်။သွန်းဆက်ဟာ အနုပညာအလုပ်တွေလုပ်ရင်းမိခင်ကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသူပါ။

သွန်းဆက်ကိုတော့ ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက် ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က