ဘာ သီချင်းလေး ဖြစ်မလဲ။

စိုးပြည့်သဇင်က ဒီဇင်ဘာလ ၂၂ ရက်နေ့ဆိုရင် သီချင်းအသစ်လေး တစ်ပုဒ်နဲ့ ပရိသတ်ကို မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်. ကျောင်းပညာရေးကြောင့် ဂီတ အလုပ်တွေနဲ့ ခဏတာ ဝေးနေခဲ့သူလေးဖြစ်ပါတယ်.

Photo: စိုးပြည့်သဇင်

စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေး ဆောင်ရွက်နေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျှော့နည်းခဲ့တာကို တွေ့ရပါတယ်. အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ ဂီတအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်. မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို နားဆင်ရတော့မယ်လို့ ဆိုပါတယ်.

'' သီချင်းဆိုခြင်းအနုပညာ ဒီလ၂၂ရက်နေ့မှာ ခုသွင်းနေတဲ့သီချင်းလေးနားဆင်ရပါမယ်နော် သီချင်းလေးနမည်က..'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ် သီချင်းနာမည်လေးကိုလည်း ပဟေဠိ ဆန်ဆန်လေး လုပ်ခဲ့တာကြောင့် ပရိသတ်တွေကလည်း အရမ်းကို သိချင်နေကြပြီလို့ Comment ကနေပြောပြခဲ့ပါတယ်. အဲ့ဒီနောက် Studio မှာ သီချင်း သွင်းနေတဲ့ အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်.

Photo: စိုးပြည့်သဇင်

စိုးပြည့်သဇင်က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြီးခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မြန်မာစာ အဝေးသင်နောက်ဆုံးနှစ်ကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။ စာမေးပွဲဖြေနေချိန်မှာလည်း နိုဝင်ဘာလ ၂၂ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ တောင်ငူကေတုမတီမြို့တည်နန်းတည်(၅၀၈)နှစ်ပြည့်ပွဲတော်ကြီးမှာ ဘုရင့်သမီးတော် မင်းသမီးလေးအဖြစ် ပါဝင်ခဲ့တာပါ။

Photo: စိုးပြည့်သဇင်

လက်ရှိမှာတော့ စိုးပြည့်သဇင်က စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့ အတူ မင်းသမီးပိုးထည်တိုက်ဆိုတဲ့ ပိုးထည်ဆိုင်ကို ဖွင့်ထားတာ ဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုပြီးသွားပြီဖြစ်လို့ မကြာခင်မှာလည်း အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ဖို့အတွက် သူ့ရဲ့ ပရိသတ်တွေက မျှော်လင့်နေတယ်လို့ သိရပါတယ်။

Photo: စိုးပြည့်သဇင်

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ် ပါတယ်။ သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က