သူမရဲ့ အချစ်ရေးအကြောင်းကိုလည်း ပြောပြလာပါသေးတယ်။

ဖြူဖြူကျော်သိန်းကတော့ အိမ်ထဲမှာနေရင်း မွေးနေ့တစ်ရက်တာကို ပျော်အောင် ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: Phyu Phyu Kyaw Thein



ဖြူဖြူကျော်သိန်းကတော့ ဧပြီလ ၂၂ ရက်နေ့က မွေးနေ့ကျရောက်တာဖြစ်လို့ အသက် တစ်နှစ်ကြီးသွားပြီလို့ ဆိုလာပါတယ်။ ဒီနှစ် မွေးနေ့မှာတော့ အိမ်မှာနေရင်း ကိုယ့်ဘာသာကိုယ် အပျော်တွေ ဖန်တီးဖြစ်ခဲ့တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဒီနှစ် မွေးနေ့က အိမ်ထဲမှာပဲ အလှတွေ ပြင်ပြီးဖြတ်သန်းရတာပေါ့။ Delivery နဲ့ မုန့်တွေ လာပို့သမျှ ထိုင်စားပြီး ဖြတ်သန်းတယ်၊ တစ်နှစ်ထက် တစ်နှစ် ပိုနုလာတယ်ဆိုတာကလည်း သဘာဝပဲလေ။ နောက်နှစ်တွေမှာလည်း ဒီလိုပဲ ဆက်ပြီးတော့ လှသွားဖို့၊ နုသွားဖို့၊ ငယ်သွားဖို့ပဲရှိတယ်။ ပြင်သစ်က အစ်မကလည်း မှာထားတယ် နောက်တစ်ခါ အရှက်ကွဲဖို့ရှိရင် သူ့ကို ကြိုပြောပါတဲ့ အကောင့်ပိတ်ပြီး လစ်ပြေးမလို့တဲ့ဆိုတော့ ချစ်သူဆီက ဘာလက်ဆောင်ရလဲ မဖြေရဲဘူး” ဆိုပြီးတော့ သူက ဆိုပါတယ်။ 

Photo: Phyu Phyu Kyaw Thein

လက်ရှိ Tik Tok မှာ ဖြူဖြူကျော်သိန်းရဲ့ အချစ်ရေးအကြောင်းက ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ ဖြူဖြူ့ရဲ့ အချစ်ရေးအကြောင်းကလည်း Tik Tok လေးထဲက အတိုင်းပါပဲလို့ ပြောပါတယ်။ 

“ ဒီ Tik Tok လေးတွေမြင်ရတော့ အရမ်းပျော်ပါတယ်။ ဂုဏ်လည်းယူတယ်။ ပရိသတ်ကို သီချင်းဆိုပြီးတော့ ဖျော်ဖြေလို့ မရတဲ့ အချိန်မျိုးမှာ သီချင်းဆိုစရာမလိုပဲ ကိုယ်ပြောတဲ့ စကားတစ်ခွန်းက ပရိသတ်အတွက် ဖျော်ဖြေမှုရသ မြောက်စေတယ်၊ ပျော်ရွှင်စေတယ် ဆိုတာက ဖြူဖြူ့အတွက်တော့ ကြီးမားတဲ့ ဆုလာဘ် တစ်ခုလို့ ခံစားရပါတယ်။ ဖျော်ဖြေရေးသမား စစ်စစ် တစ်ယောက်လို ခံစားရပါတယ်။ အရမ်းလည်း ပျော်ပါတယ်။ အမှန်တော့ ဖြူဖြူက ဟိုးအစကတည်းက အရမ်း နက်နဲပြီးတော့ သိမ်မွေ့ခံစားတတ်တာပါကွယ်" လို့ ဆိုပါတယ်။ 

Photo: Phyu Phyu Kyaw Thein

“တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က