ဘယ်သီချင်းတွေ ဖြစ်မလဲ။

အိမ့်ချစ် ဟာ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ သီချင်းဟောင်းလေးတွေကို ဖန်တီးမှု ပုံစံ အသစ်လေးတွေနဲ့ ပြန်နားဆင်ရအောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

Photo: Eaint Chit



အိမ့်ချစ်ကတော့ သူမ အောင်မြင်ခဲ့တဲ့ သီချင်းတွေထဲက ပရိသတ်အကြိုက်ဆုံး သီချင်း(၃)ပုဒ်ကိုပုံစံ အသစ်လေးပြောင်းပြီး ထွက်ရှိလာဦးမယ်လို့ ဆိုပါတယ်။ 

"အိမ့်ချစ်ရဲ့ထွက်ခဲ့ပြီးသား Albumတွေထဲက ပရိသတ်တွေအကြိုက်များခဲ့တဲ့သီချင်း(၃)ပုဒ်ကို Rework Version အနေနဲ့ပြန်ထွက်ပါမယ်ရှင့်။ လွယ်ကူနားလည်အောင်ပြောရရင် ပြန်တီးပြန်ဆို ပြန်လည်ပုံဖော် ထားတာပေါ့။ Online Streaming တွေမှာပဲတင်မှာပါ။ ဘယ်သီချင်းတွေဖြစ်မယ်ထင်လဲရှင့်.." ဆိုပြီးတော့ မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: Eaint Chit

အိမ့်ချစ်ရဲ့ သီချင်းတွေကို အားပေးကြတဲ့ ပရိသတ်တွေကလည်း သူတို့ ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေကို Comment မှာ ရေးသားခဲ့ကြတာတွေ့ရပါတယ်။ "အချစ်တို့ ပြန်ပေးပါ" ၊ "ထို့ကြောင့် ဝေးရသည်" ၊ " အောင်မြင်မှုရဲ့ နောက်ကွယ်" သီချင်းလေးတွေကတော့ ပရိသတ် တောင်းဆိုမှု အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။ အိမ့်ချစ်ဟာ Stay Home ကာလမှာ သူမရဲ့ ပရိသတ်တွေ မပျင်းရစေဖို့အတွက် မေလ ၆ ရက်နေ့တုန်းက "နည်းနည်းလေးချစ်ပေးပါ" ဆိုတဲ့ သီချင်း အသစ်လေးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီနောက် မေလ ၈ ရက်နေ့တုန်းကလည်း ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း သီချင်းလေးတွေနဲ့ ဖျော်ဖြေခဲ့ပါသေးတယ်။ 

Photo: Thein Than Oo

အိမ့်ချစ်(Eint Chit)ကတော့ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အ တူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ် ၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က