ခန့်စည်သူက ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှူတွေအတွက် ပရိသတ်တွေကို အမျှပေးဝေ ခဲ့ပါတယ်။ သူဟာ အနုပညာအလုပ်တွေ မှာလည်း ထူးချွန်သလို ပရဟိတအလုပ်တွေမှာလည်း လက်မနှေးသူပါ။
Photo: Khant Si Thu
သရုပ်ဆောင် ခန့်စည်သူဟာ မတ်လ ၃၀ ရက်နေ့ ’အဘိဓဇ အဂ္ဂမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော စစ်ကိုင်းစာသင်တိုက်ဆရာတော်၊ ရွှေသုဝဏ်ကျောင်းတိုက်ဆရာတော် နှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ရတနာသိင်္ဂီ ခရမ်းစာသင်တိုက်ဆရာတော် များကို ဆွမ်းဆန်စိမ်းအလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
‘’အဘိဓဇ အဂ္ဂမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော စစ်ကိုင်းစာသင်တိုက်ဆရာတော်၊ ရွှေသုဝဏ်ကျောင်းတိုက်ဆရာတော် နှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ရတနာသိင်္ဂီ ခရမ်းစာသင်တိုက်ဆရာတော် တို့အား အဘိဓဇ အဂ္ဂမဟာဂုဏပူဇာနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲမဟာမင်္ဂလာကို အောင်မြင်စွာ ကျင်းပ၊လှူဒါန်းကုသိုလ်ယူ နိုင်ခဲ့ပါတယ်။ လှူဒါန်းမှူ အစုစုတို့အတွက် (၇) ရက်သား၊သမီး အပေါင်းတို့ကို မေတ္တာပို့ အမျှပေးဝေပါတယ်။သာဓု ခေါ်ဆိုနိုင်ကြပါစေခင်ဗျာ’’ ဆိုပြီးတော့ မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Khant Si Thu
ခန့်စည်သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟပရဟိတအဖွဲ့ဟာဆိုရင် ၂၀၁၉ခုနှစ် မေလအတွင်းမှာ ၈ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၇ နှစ်ပြည့်အတွင်းမှာတော့ အလှူပေါင်း ၆၄ ကြိမ်ရှိပြီး လှူဒါန်းခဲ့တဲ့ အလှူငွေပေါင်း ၂၇၃၇ သိန်းနဲ့ ၅ သောင်းရှိပြီလို့ မီဒီယာအင်တာဗျူးတွေမှာ ခန့်စည်သူက ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Khant Si Thu
ပရဟိတအပိုင်းတွေမှာလည်း လှူဒါန်းမှုတွေ လက်မနှေးသလို သရုပ်ဆောင်အပိုင်းမှာလည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်တဲ့ ခန့်စည်သူကိုတော့ ပရိသတ်တွေက အမြဲတမ်း ချစ်ခင်လေးစားလျှက်ရှိကြပါတယ်။ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ အလုပ်တွေများနေတဲ့ သူ့အနေနဲ့ အလှူအတန်းလုပ်တာနဲ့တင်ပဲ အချိန်ကုန်နေတာကို တွေ့ရပါတယ်။