ဒီရာသီမှာ ၄၂ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားပြီးပါပြီ။

အယ်လ်မီရီယာနဲ့ပွဲမှာ ဘန်ဇီမာအတွက် သွင်းဂိုးတဂိုးရအောင် ဖန်တီးပေးခဲ့ပြီးနောက် ဒီရာသီမှာ ဗင်နီရှပ်စ်က ပြိုင်ပွဲစုံသွင်းဂိုး ၂၀ နဲ့ ဖန်တီးမှု ၂၀ ကြိမ်အထိ ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက သူ စွမ်းဆောင်ပေးခဲ့မှုနဲ့ တူညီတဲ့ ပမာဏဖြစ်ပြီး ၂ ရာသီဆက်တိုက် လုပ်ပြနိုင်ခဲ့တာလည်းဖြစ်ကာ သူ့ရဲ့ ခြေစွမ်းက တားမရဆီးမရကို ဖြစ်နေခဲ့ပါပြီ။ 

အယ်လ်မီရီယာနဲ့ပွဲမှာ ဘန်ဇီမာက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာ ဗင်နီရှပ်ကို တားဆီးလို့မရခဲ့တာကြောင့် ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြိုင်ဘက်နည်းပြက ပြောဆိုကာ ချီးကျူးသွားခဲ့ပါတယ်။ ဘရာဇီးလ်တောင်ပံကစားသမားဟာ လာလီဂါရဲ့ အကောင်းဆုံးတောင်ပံကစားသမားအဖြစ်နဲ့လည်း သတ်မှတ်ခံထားရပြီး ရီးရဲလ်အတွက်တော့ ဘယ်လိုမှကို အစားထိုးမရတဲ့ ကစားသမားဖြစ်လာနေပါပြီ။

ဗင်နီရှပ်စ်ဟာ သူ့ရဲ့ ခြေစွမ်းကြောင့် ပြိုင်ဘက်ကစားသမားတွေရဲ့ ပစ်မှတ်ထားကစားခြင်းကို ရင်ဆိုင်နေခဲ့ရပြီး ကွင်းအတွင်း လူမျိုးရေးခွဲခြားမှုတွေကိုလည်း ရက်သတ္တပတ်တိုင်းလိုလိုမှာ ရင်ဆိုင်နေခဲ့ရတာပါ။ ဒိလိုအခြေအနေတွေကြားက​ေန သူ လုပ်ပြခဲ့တာတွေက အထင်ကြီးစရာကောင်းနေပြီး ဖိနှိပ်ခံရလေ သူ့ခြေစွမ်းက ပိုကောင်းလေ ဖြစ်နေခဲ့ပါတယ်။ 

ညကပွဲမှာလည်း သူ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပြီး ဒိုင်လူကြီးကို စောဒကသွားတက်ခဲ့လို့ အဝါကတ်ပြသခံခဲ့ရပါသေးတယ်။ ပရိသတ်တွေကတော့ ဗင်နီရှပ်အနေနဲ့ ပြိုင်ဘက်ကစားသမားတွေ မခံချင်အောင် လုပ်ပြတာ၊ ကွင်းလယ်ဒိုင်ကို စောဒကတက်တာတွေကို လျှော့ချပြီး ဒီထက်ပိုအာရုံစိုက်မယ်ဆိုရင် ပိုကောင်းတဲ့ ကစားသမားဖြစ်လာမယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ 


Share

Loading Next Article...
က္က