ကိုမိုက်ကို ရှိစေချင်တယ်။

အစ်ကိုတစ်ယောက်လို ခင်ရတဲ့ မိုက်တီးကို သူ့ဇာတ်ကား ရုံတင်ပြသနေတဲ့အချိန်မှာ ရှိစေချင်တယ်လို့ ဖူးစုံက ပြောပါတယ်။ နောက်ထပ်လည်း ပရိသတ်မသိသေးတဲ့ ဒါရိုက်တာ မိုက်တီးရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။

 

ဖူးစုံဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဒါရိုက်တာ မိုက်တီးအကြောင်းတွေ ပြောပြလာပါတယ်။ ပရိသတ်မသိသေးတဲ့ ဒါရိုက်တာ မိုက်တီးရဲ့ အကြောင်းတွေရှိသေးတယ်လို့လည်း Duwun Media ရဲ့ သီးသန့်အင်တာဗျုးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကိုမိုက်က အရမ်းချစ်စရာကောင်းတယ်။ ကလေးလိုပဲ ဒါပေမယ့် လူတွေမြင်ရင်တော့ ရယ်မှာပေါ့ ယုံချင်မှလည်း ယုံမှာ။ ကိုယ်ကတော့သူတို့ အိမ်ကို ဝင်ထွက်သွားလာနေတော့ သိတယ်။ လူတွေ မသိတဲ့ အချက် တစ်ချက်ရှိတယ် ကိုမိုက်က အရမ်းယဉ်ကျေးတာ။ အဲ့ဒါကတော့ တစ်မိသားစုလုံးပါပဲ'' လို့ ဆိုပါတယ်။

Photo: ချစ်ချစ်ဇော်ဖေ့စ်ဘွတ်

 

ဖူးစုံဟာ စက်တင်ဘာလ ၁၆ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့'' ရိုက်စား'' ရုပ်ရှင်အထူးပြသပွဲကို တက်ရောက်လာရင်း ဒါရိုက်တာမိုက်တီးကို သတိရတဲ့အကြောင်းပြောပြလာပါတယ်။ ဒီပွဲမှာလည်း သူ့ကို ရှိစေချင်တဲ့အကြောင်း ရင်ထဲက ခံစားချက်ကို ပြောပြလာပါသေးတယ်။

'' ကိုမိုက်ဇာတ်ကားကို ပြန်ကြည့်တဲ့ အချိန်မှာ ကိုမိုက်ကို အရမ်းရှိစေချင်တယ်။ ဒါပေမယ့်လည်း ရှိတယ်လို့ သဘောထားပြီးတော့ ကြည့်ခဲ့ ပါတယ်။ အခုလည်း ဇာတ်လမ်းတွဲရိုက်နေတာက နေ့တွေ ညတွေ ဆကိတိုက်ရိုက်နေရတော့ သွားမတွေ့ဖြစ်သေးဘူး'' ဆိုပြီးတော့ ဖြေဆို ခဲ့တာ ဖြစ်ပါတယ်။

Photo: ချစ်ချစ်ဇော်ဖေ့စ်ဘွတ်

အစ်ကိုလိုရင်းနှီးတဲ့ မိုက်တီးအတွက်စိတ်မကောင်းဖြစ်နေတဲ့ အေးသီတာ 

သရုပ်ဆောင်ဖူးစုံက ဒါရိုက်တာ မိုက်တီးရိုက်ကူးထားတဲ့ ရိုက်စား ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်ပြေတီဦးရဲ့ အတွင်းရေးမှူးမလေး နေရာက ပါဝင်သရုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားရိုက်ဖို့အတွက် ရွှေတောင်ကနေ ချက်ချင်းပြန်လာပြီး ရှုတင်ဝင်ရတယ်လို့ Duwun  media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

'' ဒီဇာတ်ကားရိုက်တုန်းက ကိုမိုက် ကိုလည်း သေချာမမေးလိုက်ရဘူးပေါ့နော်။ ကိုမိုက်က ဖူးစုံ ကိုပြေတီဦးရဲ့ စက္ကထရီလုပ်ရမယ်။ မနက်ဖြန် ရိုက်ချင်တယ် ဆိုတာနဲ့ ရွှေတောင်ကနေ အလုပ်ပြီးတာနဲ့ ညတွင်းချင်း ပြန်လာပြီးတော့ မနက်ကို ရှုတင် တန်းဝင်ရတဲ့ ဇာတ်ကားလေးပါ။ ဒါက လည်း ကိုယ့်ဆရာလည်းဖြစ်၊ မောင်နှမတွေလိုလည်း ဖြစ်နေတော့ သူက ဒါဆိုရင် ကိုယ်က မမေးရဲဘူး'' လို့ ဆိုပါတယ်။

 

ဖူးစုံဟာ အခုလက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်နေတယ်လို့ ဆိုပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရိုက်စားရုပ်ရှင် ဇာတ်ကား ကြီး ကိုလည်း စက်တင်ဘာလ ၂၁ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က