ချယ်လ်ဆီးပရိသတ်တွေက လှောင်ပြောင်ခဲ့ပြီးနောက် ကာကွယ်ပေးခဲ့တာပါ။

ဂျော်ဂျင်ဟိုအပေါ် အလွန်အမင်းနေရာပေးခဲ့တဲ့အတွက် ဆာရီအပေါ် ချယ်လ်ဆီးပရိသတ်တွေက ဒေါသထွက်ခဲ့ကြသလို အသင်းမှာလည်း ဂျော်ဂျင်ဟိုက ခြေစွမ်းမပြနိုင်ခဲ့လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။

ချယ်လ်ဆီးနည်းပြ ဆာရီက အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုရဲ့ အရေးပါမှုကို ပရိသတ်တွေ နားလည်ဖို့ မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါတယ်။ မယ်လ်မိုအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ဂျော်ဂျင်ဟို လူစားဝင်လာခဲ့ပြီးနောက် ချယ်လ်ဆီးပရိသတ်တွေက "boo" လို့ ဝိုင်းဝန်းအော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြပြီးနောက် ဆာရီက သူ့ရဲ့ ကစားသမားဘက်က ကာကွယ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။



ချယ်လ်ဆီးနည်းပြအဖြစ် ဆာရီ ခန့်အပ်ခံရပြီးနောက် ဆာရီက နာပိုလီမှာ လက်တွဲခဲ့ဖူးတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို စတန်းဖို့ဘရစ်ချ်ကို တစ်ခါတည်း ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုကို အခြေပြုပြီး ဆာရီက သူ့ရဲ့ ကစားကွက်ကို တည်ဆောက်ခဲ့ကာ ကန်တေကို ကွင်းလယ်အဖျက်နေရာကနေ ကွင်းလယ်ညာခြမ်းမှာ ပြောင်းလဲကစားစေခဲ့ပါတယ်။

ဂျော်ဂျင်ဟိုအပေါ် အလွန်အမင်းနေရာပေးခဲ့တဲ့အတွက် ဆာရီအပေါ် ချယ်လ်ဆီးပရိသတ်တွေက ဒေါသထွက်ခဲ့ကြသလို အသင်းမှာလည်း ဂျော်ဂျင်ဟိုက ခြေစွမ်းမပြနိုင်ခဲ့လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးမှာ သာမန်အပေးအယူ ပြုလုပ်တာနဲ့ ပဲ အချိန်ကုန်နေခဲ့ပြီး ထိရောက်တဲ့ ကစားပုံမျိုး မပြသနိုင်ဘူးလို့ ချယ်လ်ဆီးပရိသတ်တွေက ယူဆနေခဲ့ကြတာပါ။

"ပထမပိုင်းမိနစ် (၃၀)လောက်အတွင်းမှာပဲ အသင်းအတွက် ဂျော်ဂျင်ဟိုက ဘယ်လောက်အရေးကြီးလဲ ကျွန်တော်တို့ နားလည်ခဲ့ရပါတယ်၊ ကျွန်တော်တို့ ကွင်းဘက်ခြမ်းကနေ ပြိုင်ဘက်အသင်းဘက်ခြမ်းကို ရောက်ဖို့ အခက်တွေ့ခဲ့၇ပါတယ်၊ ဂျော်ဂျင်ဟို ဝင်ရောက်လာချိန်မှာတော့ ဒါက လွယ်ကူသွားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်"

"ပရိသတ်တွေအနေနဲ့ ဂျော်ဂျင်ဟိုရဲ့ အရေးပါပုံကို နားလည်ဖို့ မျှော်လင့်မိပါတယ်၊ သူက အသင်းအတွက် တကယ်ကိုအရေးကြီးတဲ့ ကစားသမားပါ၊ ကျွန်တော်တို့အတွက်လည်း အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်" လို့ ဆာရီက ပွဲအပြီးပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြသွားခဲ့ပါတယ်။

ဆာရီအနေနဲ့ ဂျော်ဂျင်ဟိုအပေါ် အခုလို အလေးထားပြီး ပြောဆိုခဲ့လို့ ချယ်လ်ဆီးပရိသတ်တွေရဲ့ ဝေဖန်ခံရမှုနဲ့ ထပ်မံရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးက အိမ်ကွင်းမှာ မယ်လ်မိုကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် နှစ်ကျော့ပေါင်းရလဒ် (၅-၁)နဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က